အပိုင်းအစ - ၂၉

4.8K 548 8
                                    


ငါ ဘယ်လောက်ထိ အိပ်ပျော်သွားသလဲ မသိဘူး။ ငါ နိုးလာတော့ ဂူပေါက်ဝက ခြုံနွယ်တွေ ညှိုးနွမ်းနေပြီ။ သေချာတာက ငါ ငါးရက်လောက်တော့ အသာလေး အိပ်ပျော်သွားတာ ဖြစ်နိုင်တယ်။ ငါ ထထိုင်လိုက်ပြီး င့ါ အစွမ်းတွေကို ပြန်စစ်ကြည့်လိုက်တယ်။ အားအင်အပြည့် လန်းလန်းဆန်းဆန်း ဖြစ်နေတယ်။

ငါ ကာလနဂါးလို အိပ်လိုက်လို့ပဲလား မသိ။ စွမ်းအားတွေ အပြည့်အဝ ပြန်ရနေတဲ့အပြင် အရင်ကထက် ပိုလာတယ်။ ငါ စဉ်းစားမိတယ်။ ငတုံးရယ်…. ဒီလိုမှန်းသိရင် ငါ ဟိုးကတည်းက အိပ်နေပါတယ်။ ငါ တကယ့် အူကြောင်ကြား… ငထူပဲ။

ငါ ဂူထဲကနေ ထွက်လာပြီး ပတ်ဝန်းကျင်ကို လှမ်းအကဲခတ်ကြည့်လိုက်တယ်။ ကြည့်ရတာ ဒီနေရာကို လူတွေ သိပ်မရောက်ဘူးထင်တယ်။ ငါ အနှောင့်အယှက် ကင်းကင်း အိပ်လို့ရနေတာက သက်သေပဲ။ င့ါဗိုက်ကလည်း တဂြီဂြီ အော်နေတယ်။ နိုးလာတာနဲ့ ဒီကောင်တွေ အချက်ပြတော့တာပဲ။ အိပ်နေတာပဲ ကောင်းတယ်။ အခုတော့ အလုပ်ရှုပ်ရပြီ။

စားဖို့သောက်ဖို့ လုံးပန်းရတာ အတော်ပင်ပန်းတယ်။ ငါ့တစ်ကိုယ်လုံး မွှေနှောက် ရှာကြည့်တော့ ငွေစ ၁၅စ ထွက်လာတယ်။ အာ… ငါ နှင်းဆီပန်းရောင်းထားတဲ့ ပိုက်ဆံတွေ။ ဒါပေမယ့် ဒီလို တောကြီးမျက်မည်းထဲ ငွေစက ဘာလုပ်လို့ ရမှာတုန်း။ အပိုဖြစ်နေတာ သက်သက်ပဲ။

ငါ အနီးနားက ချောင်းဆီ သွားလိုက်တယ်။ ရေတွေက ကြည်အေးနေရော။ ရေစီးမသန်တော့ င့ါအတွက် အဆင်ပြေတယ်။ ကိုယ်လက်သန့်စင်ပြီး ငါးဖမ်းဖို့ အတော်ကြိုးစားလိုက်ရတယ်။ ငါးလေးတစ်ကောင်ကို ငါ ၂နာရီလောက်ကြာအောင် လိုက်ဖမ်းရတယ်။ ငါးကို မီးကင်နေရင်းကနေ ငါ ဘာဆက်လုပ်ရမလဲ တွေးကြည့်တော့ ဘာမှ မလုပ်ချင်ဘူးရယ်။ အခုလောလောဆယ် ဗိုက်ပြည့်ဖို့ပဲ။

ဗိုက်ထဲ ဆန္ဒပြနေတဲ့ အကောင်တွေကို ငြိမ်းသတ်ပြီးသွားတော့ ငါ နေသာထိုင်သာ ရှိသွားသလိုလို။ ငါ ဘာဆက်လုပ်ရမှာလဲ။ လွန်ခဲ့သော ရက်တွေက အဖြစ်အပျက်တွေက မတွေးပဲနဲ့ ခေါင်းထဲ အစီအရီ ရောက်လာတယ်။

ငါ အရင်ဆုံး သိချင်တာက သခင်လေးက သူ့အစွမ်းတွေ ပြန်ရသွားပြီလား။ ငါ့ကို တွန်းလိုက်တဲ့ စွမ်းအားက အားပျော့ပျော့ပေမယ့် ငါ ခံနိုင်ရည် မရှိလှဘူး။ ပြီးတော့ သူ့ခြေထောက်ကို ငါ ကျောက်တုံးနဲ့ ထုမိတုန်းက သူ ဘာမှ မဖြစ်ခဲ့ဘူး။ သခင်လေးမှာ ထူးခြားတဲ့ ကိုယ်ရောင်တွေ ပြောင်းနေတာတော့ ငါ သိတယ်။ ဆက်စပ်တွေးကြည့်ရင် သူ အစွမ်းပြန်ရနေတာက သေချာသလောက်ပဲ။ ဒါဆို အတိတ်က အဖြစ်အပျက်တွေရော။ သူ မှတ်မိမှာလား။ ဒါလည်း မသေချာ။ ထားလိုက်ပါတော့လေ။

ကုန်းလီကရော… သူဘယ်လိုလုပ် ဒီရောက်နေရတာလဲ။ ပုံမှန်အားဖြင့် သူက ထိန်းချုပ်ခံထားရတဲ့ သတ္တဝါ။ ငါ့လို တော်ရုံတန်ရုံလောက်ပဲ အစွမ်းရှိမယ်ဆိုရင် ဘယ်လိုမှ နိုင်နိုင်ခြေ မရှိဘူး။ ဒါပေမယ့် ငါ သူ့အစွမ်းကို စမ်းကြည့်တော့ သိပ်အားပျော့လွန်းတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြည့်ရတာ သူ့စွမ်းအားတွေ ထိန်းချုပ်ခံထားရပုံပဲ။ ဟိုလူကြီးကများ ထိန်းချုပ်လိုက်တာလား။ အဲ့လူကြီးကရော ဘယ်သူဖြစ်နိုင်မလဲ။

လတ်တလော အရေးကြီးတာက ငါ အခု ဘယ်သွားရမှာလဲ။ ငါ့မှာ အိမ်မရှိဘူး။ တောထဲ တစ်ယောက်တည်း လျှောက်သွားနေတာ ကြာရင် သိပ်အဆင်ပြေမှာ မဟုတ်ဘူး။

နေစရာ ရှာကြည့်တော့ ဟိုးဝေးဝေးမှာ မီးခိုးအချို့ ပျံ့လွင့်နေတာ တွေ့ရတယ်။ လူရှိတယ် ထင်တယ်။ ငါ အဲ့ဒီနေရာရောက်တော့ ပျော်သွားတယ်။ ရွာပိစိလေးတစ်ခု။ အိမ်ခြေက သိပ်မများ။ ၁၅ အိမ်လောက်ပဲ ရှိတာ။ ငါ ဒီနေရာလေးမှာပဲ နေတော့မယ်။ ထပ်မသွားတော့ဘူး။ ဟုတ်တယ်… Chapter အသစ်ကို ဒီရွာကနေပဲ ပြန်စမယ်။







(ကိုယ်လေ အလုပ်နဲ့ တောင်ပြေးမြောက်ပြေး ပြေးရမယ့်ကာလ ရောက်နေတော့ မှန်မှန် update နိုင်အောင် ကြိုးစားပေးပါ့မယ်… အချို့သော အပိုင်းတွေလည်း  ထပ်ပြင်စရာ လိုနေသေးလို့ နောက်ကျသွားရင်
Sorry ပါဗျို့…)

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now