ငါ ကုန်းလီရဲ့ အစွယ်တွေကို ကြည့်ပြီး ဒါကို ဘယ်လို စီရင်ရမှာလဲ။ သခင်လေးကိုပဲ သွားပေးရတော့မှာလား။ ငါ သူ့ကို မတွေ့ချင်ဘူး။ ဝေ့အစ်ကို ငါ့ဆီ လာမှတော့ပဲ ပေးလိုက်တော့မယ်။ ငါ ချန်အိမ်တော်ကို ဘယ်တော့မှ ခြေဦး ပြန်မလှည့်ဘူးလို့ ဆုံးဖြတ်ထားပြီးပြီ။စမ်းချောင်းလေးနားမှာ ထိုင်ပြီး အတွေးနယ်ချဲ့နေမိတယ်။ ငါ ဘာလို့များ ဒီအရေးကိစ္စတွေ ကိုင်တွယ်နေရတာလဲ။ ငါနဲ့ မဆိုင်ဘူးဆိုပြီး ထားခဲ့လို့ ရတာပဲကို။ ဒီတာဝန်က ငါ့တာဝန်မဟုတ်ဘူးလေ။ ဘယ်သူမှလည်း ငါ့ကို ဒီတာဝန် မပေးထားပဲ ငါ ဘာအတွက်များ ခေါင်းခံနေရတာပါလိမ့်။ ငါ ရှောင်ထွက်လို့ ရရချည်း။ အာ… ငါ ဒီလိုလည်း မလုပ်ချင်ပြန်ဘူး။ ဒါဟာ မျိုးနွယ်နှစ်ခုလုံးနဲ့ ဆိုင်တာပဲ။ ငါ သခင်လေးအတွက် ရည်ရွယ်ပြီး လုပ်နေတာမှ မဟုတ်တာ။ ဒါပေမယ့်….
“ကျစ်…… စိတ်ရှုပ်လာပြီကွာ…..”
“ချင်းလျန်…. ချင်းလျန်… ချင်းလျန်…. နင် ဘယ်မှာလဲ…”
“ငါ ဒီနားမှာ….”
ကွေ့မိန်ကို လက်လှမ်းပြလိုက်ပြီး ငါ ထရပ်လိုက်တယ်။
“ ချင်းလျန်ကို ဒါလေး ပြန်ပေးဖို့ မေ့နေတာ… အဲဒါကြောင့်…”
ငါ ကွေ့မိန် ကမ်းပေးလိုက်တဲ့ ဆွဲကြိုးလေးကို တွေ့တော့ သခင်လေး လက်ဆောင်ပေးထားတဲ့ နှင်းမြေခွေး ရုပ်လေးပဲ။ ဘယ်တုန်းကတည်းက ငါ့ လည်ပင်းပေါ်ကနေ ပြုတ်ကျသွားတာပါလိမ့်။ ငါဖြင့် သတိတောင် မထားမိဘူး။
“အွန်း.. ကျေးဇူးပါနော် ကွေ့မိန်… ဘယ်ကနေ ပြန်ရှာတွေ့တာလဲ…. ကျနော်ဖြင့် ပျောက်နေတာတောင် သတိ မထားမိဘူး…”
“ချင်းလျန်ကို ရေကန်နားကနေ ပြန်ခေါ်လာတုန်းက ချင်းလျန်ဘေးမှာ ကျနေတာကို တွေ့လို့ ပြန်ယူလာပေးတာ…”
“ကျနော့်ဟာမှန်း ဘယ်လိုသိတာလဲ…”
“ချင်းလျန် တခါတလေ ဒီဆွဲကြိုးလေးကို ကိုင်ကြည့်ပြီး ငိုင်နေတာ ခဏခဏမြင်ဖူးတယ်လေ… ချင်းလျန်အတွက် အရေးကြီးတဲ့ ပစ္စည်းလို့ ထင်လို့…”
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Historical Fictionချင်းလျန် သိထားတာ တစ်ခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့ မိန်းမလှလေး ရှိနေတာပဲ။ အလိုမကျစွာနဲ့ ရေကန်ကို ငုံ့ကြည့်တော့ အညိုဖျော့ရောင်အဝတ်အစားနဲ့ အမျိုးသားဆန်ဆန် ဝတ်ထားတဲ့ ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလို စည်းထားတယ်။ မျက်နှာကလည်း လှတဲ့အထဲမပါ။ြ...