သံသရာက တစ်ပတ်လည်စမြဲ...

4.8K 538 22
                                    

ကျန်းဝေ့ အခန်းရှေ့တွင် ပြာယာခတ်နေသည်။ အခန်းထဲမှ တချက်တချက် ကြားနေရသည့် အော်သံက သူ့ကို ပိုပြီး မရိုးမရွ ဖြစ်နေစေသည်။ ထိုင်ရမလိုလို ထရမလိုလို အခန်းထဲ ဝင်သွားချင်သည့် စိတ်ကလည်း ထိန်းချုပ်မရ။ ဝင်သွားလို့ကလည်း မသင့်တော်ပြန်။ မျောက် ငပိကိုင်မိသည့်အလား။ မျက်စိနောက်လောက်အောင် အခန်းရှေ့ လမ်းလျှောက်လိုက်။ အစေခံတစ်ယောက် ဝင်သွားရင် အခန်းထဲ ချောင်းကြည့်လိုက်၊ တစ်ယောက်ထွက်လာရင် သတင်းမေးလိုက်နှင့် အာရုံနောက်စရာ ကောင်းလာသည်။

“အား….. အ… နာတယ်….”

“မြောင်သခင်မလေး…. အားနည်းနည်း စိုက်လိုက်ပါဦး…..”

“အင်း…… အ…..”

အားမြောင်၏ အော်သံက ကျန်းဝေ့ရင်ကို ပိုပြီး ဆူပွက်စေသည်။ ဖြစ်နိုင်ရင် အဲဒီဝေဒနာကို သူသာလျှင် အစားခံလို့ ရပါက ယူလိုက်ချင်၏။ သို့သော်လည်း မဖြစ်နိုင်သည်မို့ အခန်းဝရှေ့တွင်သာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း

“မိုးနတ်မင်းကြီး… အားမြောင် ဒီဝေဒနာက အမြန်လွတ်ပါစေ… ဘေးကင်းပါစေ… မိုးနတ်မင်းကြီး စောင့်ရှောက်ပေးပါ….”

“အားတင်းထားပါ သခင်မလေး… ရခါနီးပြီ….”

အထဲမှ အသံတို့က သူ့ဆုတောင်းသံကို ပိုလွှမ်းသွားစေသည်။ မီးနေသည်ထက် သူကပိုပြီး စိတ်လှုပ်ရှားနေသည်။ အချိန်က ကြာနေပြီ။ ဘာလို့ မမွေးသေးတာလဲ။ တစ်ခုခု အနှောင့်အယှက် ရှိနေတာလား။ မဟုတ်သော အတွေးများ ခေါင်းထဲ တန်းစီ ရောက်လာသည်။ သားဦးမို့ မွေးရခက်နေတာမှာဟု ကိုယ့်ကိုယ်ကို ဖြေလျော့နိုင်ရန်အတွက် ကျန်းဝေ့ ဒီအတိုင်း ခေါင်းစဉ်တပ်လိုက်သည်။ အချိန်က တစ်ကမ္ဘာမက ကြာလွန်းလှသည်။

“အဲ့…. အဲ… အူဝဲ… ဝါး….”
(အိမ်သာကျော်ဆင်းကို ပြေးမြင်သွားတယ်… :\)

ကလေးငိုသံကြောင့် ကျန်းဝေ့ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားသည်။ မျက်နှာထက်တွင် အပြုံးတို့ စီခြယ်လျက်။

“မွေးပြီ… မွေးပြီရှင့်….”

ခဏလောက် ကြာတော့ သမားတော်က အနှီးထုပ်ထားသည့် ကလေးကို သူ့ထံ လာပြသည်။ မွေးကင်းစ ကလေးငယ်၏ မျက်နှာကို ကြည့်ပြီး တသိမ့်သိမ့် ကြည်နူးရသည်။ စိတ်ထဲတွင်မတော့ ငါအဖေဖြစ်ပြီကွဟု အထပ်ထပ် အခါခါ ကြုံးဝါးနေသည်။ ကလေးမျက်နှာမြင်မှ

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now