မျှော်လင့်ခြင်း ၁၅၀၀

5.6K 501 51
                                    

သူမ၏ အဖြေကြောင့် ဆရာအဖိုးက ပြုံးသည်။

“အင်း…. ဒါ မင်း ငါ့နောက် မလိုက်ခင်တုန်းက တောင်းတဲ့ အရာပဲ… ဝိဥာဉ်လေး… မင်းက အတော်ကြီး အစွဲအလမ်း ကြီးလွန်းတယ်….”

“………………”

ဘာမှ မပြောမိဘဲ ခေါင်းကို ငုံ့လိုက်မိသည်။ ဆရာအဖိုးက သူမကို အစွဲအလမ်းမကြီးဖို့ သတိပေးထားပေမယ့်လည်း မတတ်နိုင်။

“ကောင်းပြီ…. မင်းဆန္ဒပြည့်ဝပါစေ…. ငါတို့ ဒီနေရာကပဲ လမ်းခွဲကြစို့…. ဝိဥာဉ်လေး.. မင်း ကောင်းကောင်းအသက်ရှင်ပါ…”

“ကျေးဇူးကြီးလှပါတယ်… ဖိုးဖိုး…”

ဆရာအဖိုးက သူမစကားဆုံးသည်နှင့် ထွက်သွားချေပြီ။ ဆရာအဖိုးနှင့် ရုတ်တရက်ကြီး ခွဲရသည့်အတွက် စိတ်ထဲတွင်မတော့ သိပ်မကောင်း။ နှစ်နှစ်ဆယ်ခန့်မျှ နေလာခဲ့သည့် လူတစ်ယောက်က ဒီလို ထွက်သွားသည့်အတွက် သူမ ခံနိုင်ရည် သိပ်မရှိသေး။ ဒါလည်း နောက်ဆိုရင် အရည်ထူသွားမှာပါ။

…………………………………………………

နေရောင်ခြည်နှင့် ကိုယ့်ကိုယ်ကို ထိတွေ့ကြည့်သည်။ မထိတွေ့ရတာ ကြာလို့လားမသိ။ နေခြည်က သူမအဖို့ နွေးထွေးလွန်းလှသည်။ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို လိုက်ကိုင်ကြည့်သည်။ သစ်ရွက်တွေကို ထိလိုက်သည်။ ဟုတ်သည်။ ထိလို့ရသည်။ သစ်ကိုင်းခြောက်ကို ယူလိုက်ပြန်သည်။

“ဒါက… တကယ်ကြီးလား… အဟား.. ဟား…”

“အေအေး….. ငါ လူဖြစ်ပြီကွ….”

ခုန်ပေါက်ကာ အားရပါးရ ကြွေးကြော်လိုက်ပြီး လက်ထဲ ပါလာသည့် သစ်ကိုင်းခြောက်ကို မြင်တော့ သူမ သဘောကျစွာ ရယ်မောလိုက်သည်။ သစ်ကိုင်းကို ပစ်ချပြီး စမ်းချောင်းရှိရာသို့ ပြေးသွားကာ ငုံ့ကြည့်လိုက်သည်။ ရေမျက်နှာပြင်တွင် သူမကိုယ် သူမပြန်မြင်ရသည်။ ပါးကို မထိရဲသလို ကိုင်ကြည့်ပြန်သည်။ လက်ချောင်းများက ပါးပြင်ထဲ နစ်ဝင်သွားသည်။ သူမ တကယ်ပင် လူ့ခန္ဓာကိုယ် ပြန်ရခဲ့ပြီ။ ဝမ်းသာသွားသည်မှာ ပြောစရာမရှိ။

“နေဦး.. အခု ငါ ဝမ်းသာနေတာလား… ဒါပေမယ့်… ငါ…”

စိတ်ထဲ တစ်ခုခု လိုနေသလိုပင်။ ပြန်စဉ်းစားကြည့်သည်။ ဒီခန္ဓာကိုယ်က ချို့ယွင်းမှု ရှိနေလို့လား။ စစ်ကြည့်လိုက်တော့လည်း မတွေ့။ ဒါဆို ဘာလဲ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now