အပိုင်းအစ - ၃၆

4.9K 538 42
                                    


“သတ်စမ်း… တစ်ယောက်မှ မလွတ်စေနဲ့…”

“ပြေး… ပြေးတော့… ဘာလုပ်နေတာလဲ.. သေချင်နေလို့လား…”

“မြန်မြန်သွား…”

“တပ်ခွဲပြီး ပြန်ဆုတ်တော့… ဒါ အမိန့်ပဲ… မြန်မြန်…”

နားထဲမှာ တိုက်ခိုက်သံတွေ၊ အော်ဟစ်သံတွေ.. ငါမြင်နေသမျှ မြင်ကွင်းအားလုံးက သွေးရောင်လွှမ်းနေတယ်။ မီးကြောင့် ပေါက်ကွဲသံတွေ ဆူညံလို့။ ဘာဖြစ်နေတာလဲ။ လူတွေ ပြေးလွှားနေကြတယ်။ ကူရာ ကယ်ရာ မဲ့နေကြတယ်။ ဘာတွေလဲ။ ငါ ဘယ်ရောက်နေတာလဲ။

“ကျွီ… ရှဲ… ရှဲ… ဝုန်း….”

ငါရပ်နေတဲ့ ဘေးနားက အဆောင်တစ်ခု မီးလောင်ရင်းကနေ င့ါအနား ပြိုကျလာလို့ မနည်းရှောင်လိုက်ရတယ်။

“လျန်အာ… မြန်မြန်ပြေးတော့…”

“အားးးးး….. အ… မြန်မြန်သွား….”

ဝမ်းကွဲ အစ်ကို ၃။ တစ်ကိုယ်လုံး မြားတန်းလန်းနဲ့။ ငါ သူ့ဆီသွားကယ်ဖို့ ခြေလှမ်း လှမ်းလိုက်တယ်။

“မလာခဲ့နဲ့… သွားတော့…”

ငါ့ဆီကို ဘယ်ကမှန်းမသိ ပစ်လွှတ်လိုက်တဲ့ မြားတွေ မိုးရွာသလို ရောက်လာတယ်။ ငါ ဝမ်းကွဲအစ်ကို ၃ ဆီကို သွားလို့ မရတော့ဘူး။ ပြေးတော့ လို့ ငါ့ကို အော်ပြောနေတယ်။ ငါ ခြေလှမ်းတွေ တဖြည်းဖြည်း နောက်ဆုတ်ပြီးနောက် မရပ်မနား ပြေးထွက်သွားတော့တယ်။
ငါ ကြောက်လန့်တကြား ပြေးနေရင်းနဲ့ တစ်ခုခုကို တိုက်မိတော့မှ ရပ်သွားတယ်။ ငါ့ ခြေထောက်အောက်က တိုက်မိတဲ့ လူကို ကြည့်လိုက်တော့

“အဖေ… အဖေ ဘာလို့…”

ငါ ချက်ချင်းပဲ အဖေ့ကို ပွေ့ထူပေမယ့် အဖေက င့ါကို စကားမပြောနိုင်တော့ဘူး။ အသက်ရှုသံလည်း မကြားရ။ သေနှင့်နေပြီ။ အဖေ့ကို အော်ခေါ်ရင်း အသည်းအသန် ငိုကြွေးမိတယ်။ ဘေးနားမှာ မြင်နေရတဲ့ မြင်ကွင်းတွေက နေရာအနှံ့ သွေးတွေအိုင်လို့။ လူသတ်နေတာတွေချည်းပဲ။ ငါတို့ မြေခွေးမျိုးနွယ်တွေရဲ့ လက်ကို နောက်ပြန်ကြိုးတုပ် ထားပြီး တစ်ယောက်ချင်းစီကို စိမ်ပြေနပြေ သတ်နေတာ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now