အပိုင်းအစ - ၁၄

4.8K 548 3
                                    


အခြေအနေက ငါစိုးရိမ်သလို ဖြစ်လာတာပဲ။ တစ်ရက်ကို တစ်ယောက်နှုန်းနဲ့ လူတွေ နေ့တိုင်းသေနေတာ တစ်ပတ်လောက်ရှိပြီ။ သခင်လေးလည်း မနားရဘူး။ မြို့ပြင်ကို ညဘက်မထွက်ရတဲ့အထိ ဖြစ်လာတယ်။ တရားခံကိုလည်း ရှာမတွေ့ဘူး။ သဲလွန်စ နည်းနည်းလေးတောင်မှ မရကြသေးဘူးတဲ့။
မြို့ထဲမှာ ဘယ်နေရာသွားသွား အဲ့ဒီသတင်းကို ကြားနေရတယ်။ လူတွေလည်း တီးတိုးတီးတိုးနဲ့။ ဒါဟာ လူတွေရဲ့ စိတ်လုံခြုံမှု မပေးနိုင်မချင်း ဒီသတင်းက ရပ်မှာ မဟုတ်ဘူး။

ငါ စိတ်ညစ်ညစ်နဲ့ မက်မွန်ပင်တွေဘက် ထွက်လာခဲ့လိုက်တော့တယ်။ ဘယ်နားနေနေ ဒီအကြောင်းတွေ ကြားနေရတာ စိတ်မသက်မသာ ဖြစ်စေတယ်။
ကုန်းလီက င့ါနောက် လိုက်လာတယ်။ ကြည့်ရတာ သူလည်း ဒီသတင်းတွေပဲ ကြားနေရတာ စိတ်ညစ်လာလို့ ထင်ပါရဲ့။ ငါ သူ့ကို အခုမှ အသေအချာ ကြည့်မိတယ်။ မျက်နှာက ဖြူဖတ်ဖြူရော်နဲ့။ နေများ မကောင်းလို့လား။ သခင်လေး သူ့ကို ဂရုမစိုက်ဘူးလား။

“ကုန်းလီ နင် နေကောင်းရဲ့လား.. ပင်ပန်းလို့လား.. မျက်နှာက မကောင်းလို့ပါလား..”

“ငါ အဆင်ပြေပါတယ်… နည်းနည်း ပင်ပန်းသွားလို့ပါ….”

သူ့မှာ ပြောသာပြောနေရတယ်။ ချွေးသီးချွေးပေါက်တွေ ကျလို့။ မိုင်တစ်ရာလောက်ကို မနားတမ်း ပြေးလာနေရတဲ့သူ အတိုင်းပဲ။ ငါ သူမမျက်နှာက ချွေးတွေကို သုတ်ပေးလိုက်တယ်။ သူမက ငါ့လက်ကို ပုတ်ထုတ်ရင်း

“ရပါတယ်… ငါ နည်းနည်း နားလိုက်ရင် သက်သာသွားမှာပါ….”

“ငါ သခင်လေးကိုခေါ်ပေးရမလား… ဒါမှမဟုတ် နင့်အတွက် ဆေးဆရာ ခေါ်ပေးမယ်လေ…”

“မလိုပါဘူး.. ချင်းလျန်.. ကျေးဇူးတင်ပါတယ်…”

ငါသူ့ကို ရေကန်နားက နားနေဆောင်သေးသေးလေးဆီ ခဏနားဖို့ ခေါ်သွားပေးလိုက်တယ်။ သူ့မှာ အသက်ကို ခက်ခက်ခဲခဲ ရှုနေရတယ်။ ဖြူလျော့လျော့အသားအရေတွေနဲ့ အားမရှိသလိုပဲ။ နောက်တော့ သူ့ကို အခန်းပြန်ပို့ပေးလိုက်တယ်။ အိပ်ရာထဲ တွဲပို့ပေးလိုက်ချိန်မှာ င့ါမျက်လုံးက ကုန်းလီရဲ့ ညာဖက်လက်ဖျံဆီ ဖြတ်ခနဲ အကြည့်ရောက်သွားတယ်။ ကုန်းလီက သူ့အင်္ကျီစနဲ့ ပြန်ဖုံးရင်း

“ငါ့လက် ဒဏ်ရာရထားတုန်းက အမာရွတ်ကျန်ခဲ့တာ… လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်…”

ငါ ခေါင်းအသာညိတ်ရင်း ကိုယ့်အခန်းကိုယ် ပြန်လာခဲ့လိုက်တော့တယ်။ ညနေစောင်းတော့ သခင်လေးကို ကုန်းလီဒီလိုဖြစ်နေတဲ့အကြောင်း သွားပြောရင်ကောင်းမလား တွေးမိပြန်တယ်။ ကုန်းလီက မသိစေချင်တဲ့ပုံမျိုးပဲ။ ဘာပဲဖြစ်ဖြစ် သခင်လေးက ဆေးကျမ်းတွေဖတ်ပြီး ဆေးဖော်နေတဲ့သူပဲ။ တခြားသူတွေကို သူ တတ်နိုင်သလောက် ကုပေးနေတာ။ ဒီလောက်လေးတော့ သူ ကူညီနိုင်တာပဲ။ ကုန်းလီအတွက် ထည့်မပြောရင် ရလောက်ပြီလေ။

ငါ သခင်လေးဆီ ထွက်ခဲ့တော့ စာကြည့်ဆောင်မှာ မရှိနေဘူး။ တခြားအစေခံတွေကို မေးကြည့်လိုက်တော့ သခင်လေးက ဆေးဖော်ဆောင်ဖက် ထွက်သွားတယ်ဆိုလို့ ငါ့အတွက် အရံသင့်တာပဲ။ ငါ ဆေးဖော်ဆောင်ဖက် လိုက်သွားလိုက်တော့တယ်။

“သခင်လေး…. ချင်းလျန်ပါ….”

“ဝင်လာခဲ့….”

ငါ တံခါးကို အသာဖွင့်ပြီး ဝင်လိုက်တယ်။ သခင်လေးက ဆေးစပ်နေလေရဲ့။ ဘေးနားမှာ ဆေးကျိုထားတာတွေလည်း ရှိတယ်။ တစ်ခါသောက်စာ ဆေးတွေ ထုပ်ထားတာ အများကြီးပဲ။ သခင်လေးက ဆင်းရဲတဲ့ လူနာတွေကို ဆေးဝါးဒါန ပြုလေ့ရှိတယ်။ ဒါလည်း သူ ဒါနပြုဖို့ လုပ်ထားတာတွေ။ တခါတလေ အဝတ်အစားတွေလည်း လှူတယ်။ အစားအသောက်တွေရောပဲ။

ငါတို့မြို့မှာ သခင်လေးက လူချောစာရင်းဝင်။ ပညာလည်း တော်တယ်။ မြို့စားမင်းကတောင် လေးစားရတာ။ အားလုံးကိုလည်း တန်းတူညီ ဆက်ဆံတတ်တယ်။ ချမ်းလည်း ချမ်းသာတယ်လေ။ သူ့ကိုဆို လက်ထပ်ချင်တဲ့ မိန်းကလေးတွေ အများကြီး။ ပြီးတော့ ချို့တဲ့တဲ့သူတွေကိုလည်း သူ့ယာမြေတွေမှာ အလုပ်လုပ်စေတယ်။ အသီးအနှံတွေဖြစ်လာရင် ရောင်းလို့ရငွေတွေကို အချိုးကျ ခွဲဝေပေးတယ်။  သခင်လေး… နင် ဒီလောက် စိတ်ရင်းကောင်းတာ။ နင့်အတွက် လူကောင်းတွေနဲ့ မတွေ့မှာ ငါ စိုးရိမ်တယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now