အပိုင်းအစ - ၂၅

4.5K 482 11
                                    


အိမ်တော်ပြန်ရောက်တော့ ငါ ကုန်းလီကို အသဲအသန် လိုက်ရှာတယ်။ အစေခံတွေကို မေးကြည့်တော့ စားဖိုဆောင်မှာလိုလို၊ သခင်လေးရဲ့ စာကြည့်ဆောင်မှာလိုလို၊ ဥယျာဉ်ဘက် ထွက်သွားတယ်လို့ ပြောတဲ့သူကပြောနဲ့ အစ ရှာမရ ဖြစ်သွားတယ်။ နောက်ဆုံး သူ့အခန်းဘက်ကို ထပ်ပြန်ရှာဖို့ လာလိုက်တယ်။

ကုန်းလီက အပြာရောင် အဝတ်အစားတွေ ဝတ်ထားပြီး မှန်ရှေ့မှာ မျက်ခုံးမွေးကို စိမ်ပြေနပြေ ဆွဲနေလေရဲ့။ ငါ သူ့အခန်းမှာ လာရှာတုန်းက သူ မရှိပါဘူး။ အခု ဘယ်ကနေ ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ။ အဝတ်အစားတွေ လဲထားတာ မြန်လိုက်တာ။

“ကုန်းလီ နင်ဘယ်သွားနေတာလဲ…”
ငါ သူ့ပုခုံးကို ဆွဲလှည့်ပြီး မေးလိုက်တယ်။ ကုန်းလီက င့ါကို ပြုံးပြရင်း

“သခင်လေးဆီက ပြန်လာတာလေ… ဘာများဖြစ်သွားလို့လဲ…”

“နင်… ငါ့ကို လိမ်လို့ ရမယ် ထင်နေတာလား… ငါ ခဏကပဲ သခင်လေးရှိတဲ့ နေရာမှာ နင့်ကို ရှာပြီးပြီ… နင် သခင်လေးနားမှာ မရှိနေဘူး… ပြော.. နင်ဘယ်ကနေ ပြန်လာတာလဲ…”

ကုန်းလီက ငါ့ကို ပြောရခက်တဲ့ ကလေးတစ်ယောက်လို ကြည့်နေရင်းနဲ့ တခစ်ခစ်ရယ်နေတယ်။ သူဒီလို ရယ်နေတော့ ငါ သူ့ကို မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်တယ်။

“ချင်းလျန် ငါတို့် လမ်းမှာ လွဲသွားတာ နေမှာပါ… ငါ တကယ်ပဲ သခင်လေးဆီက ပြန်လာတာ… နင် ဘာဖြစ်နေတာလဲ… နေမကောင်း ဖြစ်လို့လား…”

“အပိုတွေ ပြောမနေနဲ့… အဲ့ဒီလူကြီးက ဘယ်သူလဲ… နင်ကရော ဘာအတွက်နဲ့ ဒီအိမ်တော်ကို ရောက်လာတာလဲ… "

ငါ ဒီလိုလဲ ပြောလိုက်ရော.. ကုန်းလီမျက်နှာ ဖွေးဆုတ်သွားပြီး ထိတ်လန့်သွားပုံပေါ်သွားတယ်။ ဒါ ခဏပါပဲ။ မျက်နှာကို ချက်ချင်းပြန်ပြောင်းလိုက်တယ်။ ကြည့်ရတာ သူ့လျို့ဝှက်ချက်ကို ငါ သိသွားလို့ ထင်တယ်။

“နင် မဟုတ်တာတွေ… လာမစွပ်စွဲပါနဲ့ ချင်းလျန်… ဘယ်က လူကြီးလဲ… ငါ ဒီနေ့ တစ်နေ့လုံး အိမ်တော်ထဲမှာ ရှိနေတာ…”

“ငါ့ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ.. နင်နဲ့ ဝတ်ရုံနက် ဝတ်ထားတဲ့ လူကြီး စကားပြောနေတာ ငါ တောအုပ်ထဲမှာ တွေ့ခဲ့တာ… နင် ပြောစမ်း… နင့် ရည်ရွယ်ချက်က ဘာလဲ….”

ငါ မေးတာကို မဖြေပဲ ကုန်းလီ င့ါကို စူးစူးဝါးဝါးကြီး စိုက်ကြည့်နေခဲ့တယ်။ သူ့သရုပ်မှန်က ဘာလဲ။ ငါ သိချင်လှတယ်။ ငါ့ စွမ်းအားကို တစ်ဝက်လောက်သုံးပြီး စစ်ကြည့်ရင် ရနိုင်ပေမယ့် ငါ မဖြုန်းတီးချင်ဘူး။ အချိန်အတော်ကြာသည်အထိ ဘာတုံ့ပြန်မှုမှ မရတော့ င့ါစိတ်ရှည်မှုက ကုန်ဆုံးလာတယ်။ ငါ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်တယ်။

ငါ့လက်ထဲကနေ အပြာဖျော့ဖျော့ အလင်းတန်းအချို့ သူ့ဆီကို လွှတ်လိုက်တယ်။ ကုန်းလီက ရှောင်ရင်း ခနဲ့တဲ့တဲ့ ရယ်ပြန်တယ်။ အလင်းတန်းတွေကို အဆက်မပြတ် သူ့ဆီပစ်တော့ ကုန်းလီ အသာအယာပဲ ရှောင်ပြီး သူ့ဆီက အစိမ်းရောင်အလင်းတန်းတွေ င့ါဆီ ရောက်လာတယ်။

အပြန်အလှန် တိုက်ခိုက်ကြရင်း ငါတို့ရဲ့ စွမ်းအားတွေကြောင့် အခန်းတစ်ခုလုံး ပွစာကြဲနေပြီ။ ငါ ဒီအတိုင်း ဆက်တိုက်နေရင် အကျိုးမရှိတော့ဘူး။ သူ့ရဲ့ မူရင်းပုံစံ သိဖို့လိုမယ်။ ငါ့အစွမ်းက သူ့မူရင်းသရုပ်ကို ခဏလောက်ပဲ ပြောင်းနိုင်လို့ ရမယ်။ ဒါပေမယ့် ဒီလိုလုပ်မှ သူ့ကို ဘယ်လိုထိန်းချုပ်လို့ရမလဲ စဉ်းစားလို့ရမှာ။

ငါ သူ့ရဲ့ သရုပ်မှန်က ဘာလဲဆိုတာကို သိရဖို့အတွက် ငါ့အစွမ်းတွေ တစ်ဝက်လောက်ကို လက်ထဲရောက်အောင် စုလိုက်တယ်။ စွမ်းအားတွေ လက်ထဲ ရောက်လာပြီဆိုတာနဲ့ တပြိုင်နက် ငါ သူ့ဆီ ချိန်ရွယ်ပြီး လွှတ်လိုက်တာ ကံကောင်းစွာနဲ့ပဲ သူ့ရင်ဘတ် တည့်တည့်ကို ထိသွားတယ်။ တခဏလေး အတွင်းမှာပဲ သူ့မူရင်းရုပ်မှန် ပေါ်လာတော့တယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now