အပိုင်းအစ - ၃၇

4.9K 563 32
                                    


တစ်ကိုယ်လုံး လေထဲမှာ လွင့်ချင်သလို လွင့်မျောနေပြီးနောက် ငါ့ဝိဥာဉ်က သူ့ခန္ဓာကိုယ်ကို ပြန်ရှာတွေ့သွားသလို။ ရင်ထဲလှိုက်ခနဲ ဖြစ်သွားပြီး စိတ်နဲ့ကိုယ်နဲ့ အခုမှ ပြန်ကပ်သွားတယ်။

ငါ မျက်လုံးတွေ အားယူ ဖွင့်ကြည့်လိုက်တယ်။ မြင်ကွင်းက မှုန်ဝါးလွန်းတယ်။ အရိပ်တွေ တဖြတ်ဖြတ်နဲ့။ မျက်လုံး ပြန်မှိတ်ပြီး ခဏ နေလိုက်ပြီးမှ ပြန်ဖွင့်လိုက်တယ်။ ငါ့ကို လူတစ်ယောက် ရယ်ပြနေတယ်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပြန်ဘူး။ အားစိုက်ကြည့်လိုက်တော့မှ

“ဝေ့အစ်ကို…”

ငါ ကုတင်ပေါ်က ကုန်းထဖို့ ကြိုးစားလိုက်တယ်။

“မထနဲ့ဦး… နင့်ဒဏ်ရာက ကောင်းသေးတာ မဟုတ်ဘူး… ပြန်လှဲနေ…”

အဲတော့မှ ငါ့တစ်ကိုယ်လုံး တဆစ်ဆစ် နာနေတာ သတိထားမိတော့တယ်။

“ငါ ဘယ်ရောက်နေတာလဲ… ဝေ့အစ်ကို…”

“နင် ရေထဲကျသွားပြီးတော့ ခေါင်းထိသွားသေးတာလား…. မှန်းစမ်း…”

ဝေ့အစ်ကို င့ါခေါင်းကို ကိုင်ပြီး ပြူးတူးပြဲတဲနဲ့ ဒဏ်ရာ လိုက်ရှာနေတော့ ငါ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး အခန်းဝနားမှာ ဆေးကျိုနေတဲ့ ကွေ့မိန်ကို တွေ့လိုက်တော့မှ

“အဲ့…. ကွေ့မိန်ရဲ့ အိမ်ပဲ…”

“သြော်… နင် မှတ်မိသေးတယ်… တော်သေးတာပေါ့…”

“ငါ့ကို ရေကန်ထဲကနေ ဘယ်သူ ကယ်ခဲ့တာလဲ…”

“ဘယ်သိမလဲ… ငါတို့ နင့်ကို ရှာတွေ့တော့ ရေကန်နားမှာ နင် ဒဏ်ရာတွေနဲ့ လဲနေတာ…”

“လုမိန်းကလေးရော…”

“မစိုးရိမ်ပါနဲ့… သူမသေပါဘူး… သူ့ကို ဆေးဆရာနဲ့တောင် ပြထားပြီးပြီ…”

"သြော်…"

"စိတ်မကောင်းစရာက လုမိန်းကလေးက ဒါ နည်းနည်း ဖြစ်သွားသလိုပဲ…"

ဝေ့အစ်ကို သူ့နားထင်ကို လက်ညှိုးနဲ့ ထောက်ပြီး ရစ်ပြတယ်။ အင်း သူ့ခမျာ ဒီလိုအစွန်းတွေ မမြင်ဖူးတော့ လန့်သွားရှာမှာ။ သွက်သွက်ခါ မရူးသွားတာ ကံကောင်း။
ငါ တစ်ခုခုကို သတိရသွားပြန်တယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now