အပိုင်းအစ - ၄၁

4.9K 510 17
                                    


အမှောင်သခင်ကြီးက သခင်လေးကို စတင်ပြီး တိုက်ခိုက်တော့တာပဲ။ စထွက်ကတည်းက ခပ်ကြမ်းကြမ်းရယ်။ အစိမ်းရောင်အလင်းတန်းတွေ လျှပ်စီးလက်သလို အဆက်မပြတ်ပဲ။ သခင်လေးက ရှောင်ရင်း တိမ်းရင်းကနေ သူ့လက်စွဲတော် ဓါးနဲ့ ပြန်ခုခံနေပြန်တယ်။ ငါ စိုးရိမ်လာတယ်။ သခင်လေး နိုင်မှ နိုင်ပါ့မလား။ သူ့အစွမ်းတွေ ဘယ်လို ထိန်းချုပ်ပြီး သုံးရမယ်ဆိုတာကို သူ ကောင်းကောင်း မလုပ်နိုင်သေးဘူးလေ။ အရေးကြားထဲ ငါ ဒီ အကာအရံကြီးကို ဘယ်လိုလုပ် ကျော်လွှားရမှာလဲ။ အကူအညီတောင်းဖို့ကလည်း ငါတို့ သုံးယောက်က လွဲပြီး အခြားသူတွေ မရှိဘူး။ ပြသနာပဲ။

ငါ့မျက်လုံးက သခင်လေးကိုပဲ မလွတ်တမ်း ကြည့်နေရတယ်။ သူ အဆင်ပြေမှ ပြေပါ့မလား။ ကြည့်နေရင်းကနေ သခင်လေးရဲ့ ပါးစပ်ထောင့်စွန်းက သွေးတွေ စီးကျလာတာကို တွေ့လိုက်ရတယ်။ ငါတော့ ဆောက်တည်ရာမရပဲ။ သခင်လေး တောင့်ထားပါဦး။ စွမ်းအားတွေ ပေါက်ကွဲသံ အဆက်မပြတ်ကြား ပြီးနောက်မှာ သခင်လေး ခြေထောက်တွေ နောက်ကို ငါးလှမ်းခန့် ဆုတ်သွားတယ်။ အမှောင်သခင်ကြီးက သူ့အစွမ်းကို ပိုမြှင့်လိုက်ပြီး သခင်လေး ရှိရှာ လှမ်းသွားတာ မြင်တာနဲ့ တပြိုင်နက်

“သခင်လေး…. သူ့ကို ဒီအတိုင်း သတ်လို့ မရဘူး….”

ငါ အားကုန် အော်ပြောလိုက်တယ်။ သခင်လေးက ငါရှိရာကို လှည့်ကြည့်လာတယ်။ ဒါ ခဏပါပဲ။ အမှောင်သခင်ကြီးဘက် မျက်နှာ ပြန်လှည့်သွားပြီးနောက် သခင်လေးဆီကနေ အဝါရောင် အလင်းတန်းတွေ အမှောင်သခင်ကြီးဘက် အရှိန်ပြင်းပြင်းနဲ့ ရောက်သွားပြီး ထိမှန်သွားတယ်။ စွမ်းအား ပေါက်ကွဲသံတွေ တဝုန်းဝုန်း တဒိန်းဒိန်းနဲ့။ သာမန်လူသာဆို နားစည်ကွဲပြီး သေနိုင်လောက်တယ်။ အဝါရောင် အလင်းတန်း… ငါ ဒါကို ဘယ်မှာ တွေ့ဖူးနေတာပါလိမ့်။ ငါ ရေကန်ထဲ မကျခင်မှာ ဒီလိုမျိုး အဝါရောင် အလင်းတန်းက ငါ့ကို ကာကွယ်ပေးလိုက်တာပဲ။ ထူးဆန်းတယ်။

သခင်လေးရဲ့ အဝါရောင်စွမ်းအားကြောင့် အမှောင်သခင်ကြီး အစိမ်းရောင် အလင်းတန်းတွေ ဖြစ်ပြီး အပြိုပြို အကွဲကွဲနဲ့ မြင်ကွင်းကနေ ပျောက်သွားတယ်။ ငါ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တယ်။ ရှာမတွေ့တော့ဘူး။ သေသွားတာများလား။ ဟုတ်ပါစေ။ သခင်လေးကို ငါ ပြန်ကြည့်လိုက်တယ်။ သူ သူ့လက်တွေကို မယုံနိုင်သလိုလား စိုက်ကြည့်နေတယ်။ ပြီးတော့ သူ့တစ်ကိုယ်လုံး အဝါရောင် ကိုယ်ရောင်တွေ လွှတ်ပြီး ဒဏ်ရာကို ကုနေတယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now