Part-1

79.5K 2.3K 25
                                    

Without you
Part-1 (unicode)

ငါတို့ကြားမှာ အချစ်တွေသာ မရှိခဲ့ဘူးဆိုရင်
အလွမ်းတွေလည်း ဖြစ်မလာနိုင်ဘူးထင်ပါရဲ့
ငါမင်းကို ဘာလို့လွမ်းလဲလို့မေးခဲ့မယ်ဆိုရင်
ငါ့ရဲ့ တစ်ခုတည်းသော အဖြေက ...
သုတကျော်

သတိရတယ်ဆိုတဲ့စကားမှာ
နင့်အတွက် အလွမ်းတွေ ပါကောင်းပါလိမ့်မယ်
ဒါပေမဲ့ ငါ့ရဲ့ အလွမ်းတွေက ဖြူစင်တယ်
ရယူပိုင်ဆိုင်လိုခြင်း မရှိဘူး...
အချစ်ဆိုတာ ချစ်နေ ဖို့ပဲမလား...
ဘေးဘေး

ဒီနေ့ နှစ်ဝက် စာမေးပွဲဖြေရမည့်ရက်မို့ ဘေးဘေး တစ်ယောက် စိတ်စောနေသည်။လက်က နာရီကိုကြည့်လိုက် လမ်းထိပ်ကိုမျှော်လိုက် အထဲပြန်ဝင်လိုက် အပြင်ပြန်ထွက်လိုက်ဖြင့် စိတ်က ဂနာမငြိမ်ဖြစ်နေမိသည်။အိမ်အပြင်ကို ထွက်လိုက်ဝင်လိုက်ဖြင့် လျှပ်စီးပစ်နေသော ဘေးဘေးကို ကြာတော့ အမေက သူ့ကိုကြည့်မရတော့ဘူးထင်သည် "ဘေးဘေး ငါကြည့်နေတာ မျက်စိတွေနောက်လာပြီနော် ဒီနားမှာငြိမ်ငြိမ်လေးလာထိုင်နေစမ်း" ဟုပင်ပြောလာသည်။

အမေပြောလည်းပြောချင်စရာပင် သူ့ပုံစံကိုကြည့်ဦးလေ ကိုးတန်းကျောင်းသားဖြစ်ပေမဲ့ အရပ်က ၅ပေကျော်ကျော်လေး အသားက ညိုသေးသည် ဆံပင်က မထူမပါး မေမေကအမြဲတမ်းခေါင်းကို ဆီလိမ်းမှကြိုက်သောကြောင့် ဆံပင်ကိုပြားကပ်နေအောင် အမြဲဆီလိမ်းထားရသည်။ မျက်လုံးလေးတွေဝိုင်းတယ်ဆိုပေမဲ့ ရယ်လိုက်ရင် နှစ်လိုဖွယ်ကောင်းတာသာရှိသည် ချောတယ်ဆိုသည့် အထဲမပါ ကြည့်ပျော်ရှုပျော်ရုံလောက်သာ လူကောင် သေးသေးလေးနှင့်လှစ်ခနဲ လှစ်ခနဲမို့ မေမေ မျက်စိနောက်တာမဆန်းတော့ပါ။

တကယ်တမ်း ချောတာက ကိုသု အိမ်ကလူတွေရော ဘေးဘေးကိုယ်တိုင်ပါ ကိုသုလို့ ခေါ်ကြပေမဲ့ ကိုသုနာမည်အရင်းက သုတကျော် ဘေးဘေးနာမည်က မြတ်သုတညီ သူရော ဘေးဘေးရော နာမည်မှာ သု ပါကြပေမဲ့ သူ့အိမ်နာမည်က ကိုသုဖြစ်ကာ ဘေးဘေးက အိမ်မှာ အငယ်ဆုံးမို့ ဘေဘီကို အဖျားစွတ်ပြီး ဘေးဘေးလို့ ခေါ်ကြခြင်းသာဖြစ်သည်။

Without YouWhere stories live. Discover now