Part-18

12.7K 885 2
                                    

Without You
Part-18 (unicode)

"ဘေးဘေးရေ ဘေးဘေး"

ဟော အိမ်ရှေ့က ခေါ်သံကြားတယ် သက်တို့လာပြီလားမသိဘူး။ အိမ်ရှေ့ထွက်ကြည့်တော့ သက်တို့နှင့် ကိုမြတ်။ ကိုမြတ်ကခါတိုင်း ကျောင်းသွားရင် လမ်းထိပ်မှာပဲ ကြိုခိုင်းတာမို့ အိမ်ကို မရောက်ဖူးသလို မေမေတို့နှင့်လည်းမသိ။

တံခါးပြေးဖွင့် ပေးလိုက်သဖြင့် အိမ်ထဲသို့ ဝင်လာကြည်။ ဧည့်ခန်းထဲမှာ ခဏ ထိုင်ခိုင်းထားလျှင် ထမင်းစားခန်းထဲမှ ကိုသု ထွက်လာသည်။ ကိုမြတ်ကလည်း ကိုသုရှိနေမည်မထင်။ ကိုသုကလည်း ကိုမြတ်ကို အိမ်အထိ ခေါ်လာမည် မထင်သောကြောင့် နှစ်ယောက်သားအံ့သြနေကြသည်။

အံ့သြမှုကနေ ရုတ်တရတ် ရန်လိုမှုကို ရောက်သွားသည်။ "မင်းက ဒီအိမ်ကို ဘာလိုက်လုပ်တာလဲ"ဆိုပြီး ကိုသုက ကိုမြတ်ကိုရန်ရှာလေသည်။

"ဒါမင်းအိမ်မလို့ လာမေးနေတာလား ငါက ဘေးဘေးအိမ်လာတာလေ မင်းနဲ့ဘာဆိုင်လဲ။ နေပါဦး မင်းကရော ဒီမှာဘာလာလုပ်နေတာလဲ"

"ငါလည်း မင်းကို မင်းအိမ်မလို့ ပြန်ဖြေရမှာလား.."ဆိုပြီး ကိုသုက ပြန်ဖြေနေစဉ် မေမေ ဝင်လာသည်။

"ဟော သမီးသက်တို့ ရောက်နေကြတာလား "ဆိုပြီး သက်နှင့်ကလျာကို နှုတ်ဆက်လေသည်။

"ဟုတ်ကဲ့ အန်တီ ဘေးဘေးကို အပြင်လည်ဖို့ လာခေါ်တာပါ။ သိပ်မကြာပါဘူး အန်တီ ညနေ မိုးမချုပ်ခင် ပြန်ပို့ ပေးမှာပါ"ဆိုပြီး ပြန်ဖြေကြလေ မေမေက

"မနေ့က ဘေးဘေး အန်တီ့ကို ပြောထားပြီးသားပါကွယ်။ ညနေသာ နောက်ကျအောင် မလည်နဲ့ နောက်ရက်တွေဆို စာမေးမွဲဖြေဖို့ စာလုပ်ရတော့မယ်နော်။ ဒါနဲ့ ဒီသားလေးက "ဆိုပြီး ကိုမြတ်ကိုကြည့်လျှင်

"ကျွန်တော်က မြတ်လင်းဉာဏ်ပါ အန်တီ။ ဘေးဘေး သူငယ်ချင်းပါဆိုပြီး" ထဖြေလေသည်။

ကိုမြတ် ပြာပြာသလဲထဖြေတာမြင်တော့ မေမေက ပြုံးလေသည်။

"ထိုင်ပြီးဖြေပါရပါတယ် သားရယ် အန်တီက သားကို အခုမှတွေ့ဖူးလို့ မေးကြည့်တာပါ။ ဘေးဘေးက သူ့သူငယ်ချင်းတွေဆို တော်ယုံ အိမ်မခေါ်တတ်ဘူးလေသားရဲ့"

Without YouWhere stories live. Discover now