Part-3

17.4K 1.2K 6
                                    

Without You
Part-3 (unicode)

လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ကန်တော်ကြီးပတ်လမ်းသာရောက်လာတာ ဒင်းမျက်လုံးက ဟိုရှာသည်ရှာနဲ့ပါလား။ လေ့ကျင့်ခန်းလည်းမလုပ် ပုံစံကို ကြည့်ရတာ ဟိုကြည့်သည်ကြည့်နှင့် လူက ဂနာမငြိမ်။ ကြာတော့ ဘေးဘေး သူ့ကို စိတ်မရှည်တော့

"ကိုသု ပြောတော့ လေ့ကျင့်ခန်းလုပ်မှာဆို လုပ်လေ"

"အေးလုပ်မှာပါ နေရာရှာနေတာခဏလေး"ပြောရင်း သူ့မျက်လုံးတွေက ဂနာမငြိမ် ဟိုကြည့်သည်ကြည့် "လာ ဟိုနားထပ်သွားရအောင်" ဆိုပြီး ရှေ့မှသွားတော့ဒီကနောက်ကနေ ထပ်လိုက်ရသည်ပေါ့ ဝဋ်ကြွေး ရှိသမျှတော့ ဘေးဘေးရေ ခံပေဦးဟ ကိုယ့်ကိုကိုယ်ကျိန်ဆဲရင်း အနောက်က ပြေးလိုက်ရလေသည်။

ကန်တော်ကြီးကနေ ချိုးသွားသည့် ကန်ပတ်လမ်းသွယ်လေးသို့ရောက်လျှင် အားကစားလုပ်သူများကို တွေ့လိုက်ရလေသည်။ ဘေးဘေးလည်း အားကစားလုပ်ရင်း သူ့နောက်သာလိုက်နေရသည် လူက စိတ်က သိပ်မပါတော့ ဟုတ်သည်လေ မနက်အစောကြီးထလာရတာ အရမ်းအိပ်ချင်နေသည်။

ဟော တစ်နေရာရောက်တော့ ကိုသုရပ်သွားသည် အားကစားလုပ်တော့မယ်ထင်တယ် ငါအိမ်ပြန်ရတော့မယ်ဟု တွေးရင်း ပျော်သွားမိသည်။ကိုသုကို ကြည့်တော့ အားကစားဝတ်စုံကို စမတ်ကျကျ ဝတ်ထားပြီး ကျော့ရှင်းနေသည့် ကောင်မလေးတစ်ယောက်အနားမှာစကားပြောရင်း အားကစားလုပ်နေသည်ကို တွေ့လိုက်ရတော့

ငါထင်တဲ့ အတိုင်းပဲ ဒင်း အားကစားလုပ်ဖို့လာတာ နှာခေါင်းသီးသန့်အားကစားနည်းကိုး ဒါကြောင့် ဒင်းဒီနေ့တတ်ကြွနေတာကိုးး တွေ့မယ် ငါနဲ့ ...စိတ်ထဲမှကြိမ်းဝါးမိသည်။

"ကိုသု ဘာလုပ်နေတာလဲအဲ့တာ" သူ့ဘေးမှာရပ်ပြီး ခေါ်လိုက်လျှင် စပ်ဖြီးဖြီးမျက်နှာနဲ့ ဒီဘက်ပြန်လှည့်လာပြီး အားကစားပါတနာ နဲ့တွေ့တုန်းလေး ဆွေးနွေးနေတာပါကွာ" ဟုပြန်ဖြေလေသည်။ ဖွန်ကြောင်နေတာများမသိရင်ခက်မယ် တဏှာရူးဆိုပြီးစိတ်ထဲမှ ကျိန်ဆဲမိသည် ။ ထိုစဉ် ကိုသုဘေးမှ ကောင်မလေးက

"မြတ်သုတညီပါ ပါလာတာလား" ဆိုပြီး မိတ်ဆက်မှ သြော် ဘယ်သူများလဲလို Cခန်းက နဒီချိုကိုး ဒါကြောင့ ဒီကောင်မလေးမြင်ဖူးပါတယ်မှတ်နေတာ။ ဘေးဘေးတို့နှင့်အခန်းတော့မတူ ဘေးဘေးရော ကိုသုရော နှစ်ယောက်စလုံး Aခန်းကကိုး ဘေးဘေးနဲ့ သိပ်မခင်လို့ ကျောင်းနာမည် မြတ်သုတညီပဲ သိတာမဆန်းပါဘူး။

Without YouWhere stories live. Discover now