Part-7

14.2K 1.1K 7
                                    

Without You
Part-7(unicode)

ကလင်~~ကလင်~~~ကလင်

မုန့်စားချိန်ခဏပေးသည်မို့ ဆရာမကို နှုတ်ဆက်ရင်း အတန်းအပြင်သို့ ထွက်ဖို့ပြင်လေသည် က်ိုမြတ်ကတော့ ခုံမှာထိုင်နေတုန်း အင်း~~ကျောင်းသားသစ်မို့ နေရာတွေတော့ သိမှာ မဟုတ်ဘူး ဒါပေမဲ့ ကိုယ်နဲ့မှ မဆိုင်တာမို့ သူ့ကိုကျော်ပြီးထွက်ဖို့ ပြင်လိုက်လျှင်

" ဟဲ့ ဘေးဘေး နင်ဘယ်သွားမလို့လဲ "ဟု သက်က မေးလျှင်

"မုန့်စားဆင်းနေပြီလေ ငါကိုသုကို မုန့်ဝယ်ပေးရဦးမှာ မဟုတ်ရင် သိတဲ့ အတိုင်း ငါ့ကိုပြဿနာရှာနေမယ် "

"နင်သွားရင် ကိုမြတ်ပါ တစ်ခါတည်းခေါ်သွားလေ သူက ဒီနေ့မှ ရောက်တာဆိုတော့ မုန့်ဆိုင်တန်းကို သိမှာမဟုတ်ဘူး ဟုတ်တယ်မလား" ဆိုပြီး ကိုမြတ်ကို လှမ်းကြည့်ပြီးပြောနေတာမို့

မသာမတွေ ပို့မနေနဲ့ ဆိုပြီး အသံတိတ် ပါးစပ်ကလေးလှုပ်ပြီးပြောလိုက်ပေမဲ့ ကိုမြတ်ကို ကြည့်လိုက်တော့ သူ့ကိုသာ ကြည့်နေတာမို့ မခေါ်ရင်လည်း မကောင်းတော့သောကြောင့်

"ကိုမြတ်လိုက်မလားမေးလိုက်လျှင်" ဟိုကလည်း ဘယ်ကတည်းက အခေါ်စောင့်နေလည်းမသိ"လိုက်မှာပေါ့ ဘေးဘေးခေါ်တာစောင့်နေတာဆိုတော့" ဟိုကမတွေ မျက်နှာ မသိရင် မှိုရသလိုပဲ ပြုံးဖြီးနေတာပဲ။

"ဟဲ့ နင်တို့ပါလိုက်ခဲ့လေ တူတူသွားတာပေါ့ မုန့်မစားကြဘူးလား လာလေသွားမယ်လေဟုခေါ်လျှင်" ကလျာက ဗိုက်ကိုနှိပ်၍ "ငါ ဗိုက်တွေ အရမ်းအောင့်နေတယ် ဘေးဘေးရယ်" ဟု အမူပိုစွာ ပြောလေသည်။

သက်ကလည်း "ဟုတ်တယ် ငါပါနေခဲ့လိုက်မယ် ကလျာတစ်ခုခုဖြစ်နေမစိုးလို့ နင်နဲ့ ကိုမြတ်ပဲသွားလေနော် ငါတို့ မုန့်မှာလိုက်မယ်ဝယ်ခဲ့ပေး"

ဟင်းဟင်း ငါသိနေတယ်နော် ဆိုတဲ့ အကြည့်နဲ့ကြည့်တော့ နှစ်ကောင်လုံးမျက်နှာက ပြုံးစိစိတွေ အရေးထဲ ကိုမြတ်က မုန့်သူဝယ်ကျွေးပါ့မယ်ဆိုပြီးပိုက်ဆံမယူခဲ့နဲ့တော့ ဆိုတော့ မထူးတော့ပြီမို့ ကိုမြတ်နှင့် နှစ်ယောက်တည်းသာ ထွက်ခဲ့ရလေသည်။

Without YouWhere stories live. Discover now