Part-10 (Season-2)

12.6K 829 25
                                    


Without You
Season-2 ,Part-10(unicode)

လေဟာနယ်ထဲရောက်သလို ခံစားရသည်။ကိုယ့်ဘေးမှာ ဘယ်သူမှ မရှိ တစ်ယောက်တည်းဟူသော ခံစားချက်က ကြောက်ရွံ့စိတ်ကို ဖြစ်ပေါ်စေသည်။ အနားမှာ တစ်ဦးတစ်ယောက်များရှိမလားဆိုပြီးကြည့်လိုက်မိတော့ ဟိုးခပ်လှမ်းလှမ်းကိုသုရပ်နေသည်။

ငါသိသားပဲ ကိုသု ငါ့ကို ထားမသွားဘူးဆိုတာ။ထိုစဉ်ကိုသုက လှည့်ထွက်သွားပြီး လျှောက်သွားတာမို့ အနောက်ကနေ "ကိုသု ကိုသု ကိုသု"ဆိုပြီးပြေးလိုက်ခေါ်မိသည်။

"ဟော လူနာသတိရလာပြီထင်တယ်"ဆိုသည့် စကားသံကြား၍ အားယူပြီး ဖွင့်ကြည့်မိတော့ ဘေးမှာ မေမေနဲ့ ဖေဖေ မလတ်ရော မကြီးပါရောက်နေတာပါလား။ ဟင် သက်နှင့်ကလျာပါရောက်နေတာပဲ။ ဆရာဝန်ကြီးက ဘေးဘေးကို စမ်းသပ်ပြီးမှ ထွက်သွားသည်။ ဆရာဝန်ကြီးထွက်သွားတော့မှ

"မေမေ ဘေးဘေး ဘယ်လိုလုပ် ဆေးရုံကိုရောက်နေတာလဲ"ဆိုတော့

"အိမ်မှာ မေ့လည်းကျသွားလို့ ဆေးရုံကို အမြန်ပို့လိုက်ရတာ နှလုံးရှော့ခ်ရသွားတာတဲ့ ကံကောင်းလို့ပေါ့သားရယ် မင်းမလတ်သာ ဆရာဝန်မဟုတ်ဘူးဆိုရင် ဆေးရုံပို့တဲ့ လမ်းမှာတင် သားကို မေမေတို့ အသက်ဆုံးရှုံးလိုက်ရတော့မှာ နောက်ဆို မေမေတို့ကို ဘာမဆို တိုင်ပင်ပါ တစ်ယောက်တည်းကြိတ်မခံစားပါနဲ့"ဆိုပြီး မေမေကပြောရင်းငိုသည်။

မလတ်က "မေမေ ဘေးဘေးလည်း သတိရလာပြီပဲ ခဏလောက်ပေးနားလိုက်ပါဦး ဆရာဝန်ကြီးက စိတ်ချရတဲ့ အနေအထားရောက်သွားပြီလို့ပြောသွားတာပဲ မေမေတို့ဖေဖေတို့လည်း အိမ်ခဏပြန်နားရအောင်နော်"ဆိုပြီးခေါ်သွားလေသည်။

ဖေဖေက စိတ်မချသည့်ပုံစံဖြစ်နေ၍ မကြီးပါ အတင်းခေါ်၍ အိမ်ပြန်လိုက်ပို့လိုက်ရသည်။ မလတ်တို့က သက်တို့ကို ခဏ အကူအညီတောင်းပြီး ဘေးဘေးကို လူနာကူစောင့်ပေးဖို့မှာရင်း မေမေတို့ကို အိမ်ခဏပြန်လိုက်ပို့ကြသည်။

မေမေတို့သွားတော့မှ သက်က "ဘေးဘေးရယ် ဘယ်လိုတွေဖြစ်ကြတာလဲ ငါတို့မှာ နင်မေမြို့ရောက်နေတာလည်း မသိရ နင့်ကိုဆေးရုံပို့တာ ငါ့အသိမြင်မှ ဖုန်းလှမ်းဆက်လို့ ငါ့မှာ ကလျာကိုခေါ်ပြီး လိုက်လာရတယ်"

Without YouWhere stories live. Discover now