Part-6 (Season-2)

11.7K 917 19
                                    

Without You
Season-2, Part-6(unicode)

ဒီcoffeeဆိုင်လေးမှာ အလုပ်လုပ်နေခဲ့တာပင် တစ်ပတ်ကျော်ကျော်လောက်ရှိနေပြီ။ ကိုသု အိမ်က ထွက်လာလာခြင်း ပိုက်ဆံလည်း မရှိ ဘယ်သွားလို့သွားရမှန်းမသိပဲ ယောင်လည်လည်ဖြစ်နေတုန်း အလုပ်ကြော်ငြာခေါ်စာတွေ့လို့ လတ်တလော အဆင်ပြေအောင် ဝင်လျှောက်မိတာပါ။

အလောတကြီးထွက်လာမိတာမို့ ဘွဲ့လက်မှတ်တွေ အိမ်မှာကျန်ခဲ့တာမို့ ပြန်လည်းမယူချင်တော့တာကြောင့်ရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဝင်လျှောက်မိတာ မှန်သွားသည်။ waiterဆိုပေမဲ့ coffeeဆိုင်က သန့်သန့်ကလေးမို့ သိပ်တော့ မပင်ပန်းပါဘူး။

အလုပ်ဝင်ရတာလည်း အဆင်ပြေ လခလည်းကောင်း နေစရာပေးထားပြီး စားစရိတ်ပါအကုန်ငြိမ်းဆိုတော့ အဆင်ပြေလှသည်။ ဘာဆိုဘာမှ မပြနိုင်ပဲ ကိုယ့်မျက်နှာလေးကြည့်ပြီး လက်ခံပေးခဲ့တဲ့ မန်နေဂျာကိုတော့ ကျေးဇူးတင်လှသည်။

နေ့လည်နေ့ခင်းဆိုတော့ ဆိုင်မှာ လူတွေကြနေသည်။ ထိုစဉ် စားဖိုမှူးက "မြတ်သုတညီရေ စားပွဲ ၂၂ကို ဘာဂါနဲ့ ဆင်းဒ်ဝှစ် သွားပို့ပေးပါဦး"ဆိုလို့ သွားပို့ ပေးဖို့ပြင်ရသည်။

ဒီနေ့တာဝန်က အနောက်ထဲမှာပေမယ့် ဆိုင်မှာလူကြရင် လူကြသလို ကူပေးရတာပဲမလား။ ဆိုင်လေးက coffeeကြည့်သီးသန့် ရောင်းတာမဟုတ်ဘူး အစားအသောက်တွေပါရပြီး စျေးသက်သာပြီး သန့်ရှင်းတာမို့ လူများလှသည်။

စားဖိုမှူးပေးသည့် မုန့်တွေယူ စားပွဲ ၂၂သို့ချပေးပြီး မှာထားတာတွေရပါပြီခင်ဗျာ ဆိုပြီး ပြန်ထွက်မည်အလုပ်

"ဘေးဘေးမလား " ဆိုသည့်ခေါ်သံကြောင့် ရုတ်တရတ်လန့်သွားမိသည်။လှည့်ကြည့်မိတော့ မမလတ် ပြီးတော့ မေမေ။

"သား... ဘေးဘေး ဒီမှာဘာလုပ်နေတာလဲ"

"ဟိုလေ မေမေ"

"ဘေးဘေး နင်ဒီမှာစားပွဲထိုးလုပ်နေတာတော့ မဟုတ်ပါဘူးနော်"ဆိုပြီး မမလတ်မေးလျှင် စားစရာပို့သည့်ဗန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခေါင်းကိုသာ ငုံ့ထားမိသည်။ မေမေတို့ တွေ့သွား၍ ဝမ်းနည်းပေမဲ့ မျက်ရည်မကျအောင် ထိန်းထားရသည် ကိုယ့်ကြောင့်တော့ မိဘတွေကို ဒီထက်ပိုပြီး စိတ်အနှောင့်အယှက် မဖြစ်စေချင်တော့တာအမှန်ပါ။

Without YouWhere stories live. Discover now