Part-3 (Season-2)

12K 847 44
                                    

Without You
Season-2 , Part-3 (unicode)

မနေ့ညက အိပ်ရာဝင်နောက်ကျခဲ့ပေမဲ့ မနက်ကြတော့ အကျင့်ဖြစ်နေသည့်မျက်လုံးကတော့ အစောကြီး နိုးနေပြန်သည်။ ခဏလောက်ပြန်မှေးပြီး အိပ်ယာပေါ်မှ လူးလဲထကာ နာရီကိုကြည့်မိတာ့ မနက်ရနာရီ။ ညက ကိုသုနှင့် တစ်ယောက်တစ်ခန်း ခွဲအိပ်ကြတာမို့ ခါတိုင်းလို မနက်အိပ်ယာနိုးတိုင်း ကိုသုရင်ခွင်ထဲရှိမနေတာ တစ်မျိုးကြီးခံစားရသည်။

ကုတင်ပေါ်မှဆင်းပြီး ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ဖို့လုပ်နေရင်း မှန်ကိုကြည့်မိတော့ ညက တစ်ညလုံး ငိုထား၍ထင်သည် မျက်လုံးတွေမို့နေပြီး မျက်နှာက နီစုတ်စုတ် ဖောင်းဖောင်းလေးဖြစ်နေသည်။ လုပ်စရာတွေရှိတာမို့ မြန်မြန် မျက်နှာသစ် ရေမိုးချိုးပြီး အခန်းထဲက ထွက်လာမိသည်။

မီးဖိုခန်းထဲရောက်တော့ အိမ်ကို အကူလုပ်ပေးသည့် အဒေါ်ကြီးပင် ချက်ပြုတ်နေလေပြီ။ ဘေးဘေးကို မြင်တော့

"ဘေးဘေးလာ အဒေါ်အားလုံးပြင်ဆင်ပေးထားတယ် ဒီနေ့အိပ်ယာထနောက်ကျပါလား... မျက်လုံးတွေလည်းရဲနေတာပဲ နေမကောင်းဘူးလား နေမကောင်းရင် အခန်းထဲ ပြန်နားနေလေ။ အဒေါ်ဘာသူပဲ ဒီနေ့ချက်လိုက်မယ်"

"ရတယ် အဒေါ် ကျွန်တော်ပဲချက်ပါ့မယ် ကိုသု အကြောင်းမသိတာလည်းမဟုတ်ဘူး ဟင်းဆို ကျွန်တော်ချက်မှပဲ စားတတ်တာလေ...တစ်ခြားသူချက်ရင် သူမစားတတ်ဘူး" ပြောလည်းပြော ချက်စရာရှိတာတွေသာ ဝင်ချက်မိသည်။

ဒီနေ့နောက်ကျတာမို့ ကိုသု မနက်စာကို ပဲပြုတ် ထမင်းဆီဆမ်း နှပ်ကော်ဖီပဲ ဖျော်ပေးပြီး နေ့လည်ကြမှ အိမ်က ဒရိုင်ဘာနဲ့ ထမင်းချိုင့်ပို့ခိုင်းရတော့မှာပဲဟု တွေးရင်း မနက်စာကိုသာ ခပ်သွက်သွက်ပြင်ဆင်မိလေသည်။

အားလုံးပြင်ဆင်ပြီး၍ ကိုသုအတွက် အဝတ်အစားသွားထုတ်ပေးမည်ဟုတွေးကာ ထမင်းစားခန်းမှ အထွက် ကိုသု အခန်းထဲမှ ရုံးသွားဖို့ ထွက်လာသည်ကို မြင်လိုက်ရလျှင်

"ကိုသု မနက်စာစားသွားမှာမလား..အားလုံးပြင်ဆင်ပြီးသွားပြီ"

Without YouWhere stories live. Discover now