Part-9

14.3K 1.1K 6
                                    

Without You
Part-9 (unicode)

"ကဲ အခုငါတို့ ဘယ်လိုလုပ်မလဲ အချိန်က နာရီဝက်ပဲကျန်တော့တယ် "ဟု ဘေးဘေးစိတ်ပူစွာပြောလျှင် ကလျာက "မတတ်နိုင်တော့ဘူး ဘေးဘေး နင်တတ်ကလိုက်တော့ "

"ဟာ ငါဝင်ကလို့ ဘယ်ဖြစ်မလဲ ငါက မိန်းကလေးနဲ့မှ မတူတာကြီးကို ပြီးတော့ ငါမကရဲဘူး နင်တို့တွေကပါလား " ဟု ပြန်ပြောလျှင်

သက်က "ငါတို့ ကလို့မရဘူးလေ ဒိုင်ယာလော့ခ်တွေ ဇာတ်ညွှန်းတွေက ငါတို့ မသိဘူးလေ နင့်ကိုပဲ ဆရာမက အကုန်လွှဲထားတာလေ လုပ်ပါ ဘေးဘေးရယ် နင်မှ မကရင် ပြဿနာတတ်တော့မှာ"

"လုပ်ဟာ ချတော့ မသိတော့ဘူး အချိန်ကပ်နေပြီ ပြင်ဆင်ဖို့ အချိန်ရပါ့မလား မသိဘူး မိတ်ကပ်ပစ္စည်းတွေလည်းမပါလာဘူးလေ ဘယ်လိုလုပ်မလဲ" စိတ်ပူပန်စွာပြောမိတော့

ကလျာနဲ့သက်က မပူနဲ့ ဒီမှာကြည့်ဆိုပြီးပြတော့ သူတို့အိတ်ထဲမှာ မိတ်ကပ်ပစ္စည်းအစုံအလင် တွေ့ရသည်မို့ သူတို့မျက်နှာကြည့်ပြီး ဒါလုပ်ကြံဇာတ်တော့ မဟုတ်ပါဘူးနော် ဟုမေးလျှင်

မယုံရင်မိုးသန္တာကျောင်းပြန်တတ်မှ မေးကြည့်တော့ အချိန်မရတော့ဘူး ဘေးဘေးလာသွားမယ်ဆိုပြီး တစ်ဖက် တစ်ချက်စီမှ တွဲခေါ်သွားပြီး ကိုမြတ်ကို အစီအစဉ်တစ်ခု လောက်နောက်ဆုတ်ခိုင်းဖို့ မှာထားခဲ့တာမို့ ကိုမြတ်ပ သူတို့နှစ်ယောက်ကြားပါသွားသော ဘေးဘေးကို နားမလည်နိုင်စွာကြည့်ရင်း

ကျောင်းစာသင်ခန်းထဲလည်းရောက်ရော ကလျာက" ဘေးဘေးမျက်နှာက မညိုဘူး အဝါဘက်သမ်းတာ အဝါနုလေး ဘေးဘေးနင်ဒီရက်ပိုင်းဖွေးလာတယ် ဘာတွေလုပ်လဲ ပြောစမ်း "ဆိုပြီးကြပ်နေသေးသည်။

"ဟာ လုပ်ချိန်မရပါဘူး နင်တို့ကလည်းစလာပြီ တော်ပြီ ငါမလိမ်းတော့ဘူးဒါပဲ"ဆိုပြီးထလျှင် ဟိုနှစ်ကောင် အတင်းဆွဲပြီး မလုပ်ပါနဲ့ဟယ် မပြောတော့ပါဘူး ပါးစပ်ပိတ်ပြီး လိမ်းပါ့မယ်ဟု အတင်းတောင်းပန်လို့ ဘေးဘေးဘာမှမပြောတော့ပဲ ငြိမ်ခံနေလိုက်ရသည်

မျက်တောင်ကော့မယ် လိုင်နာဆွဲမယ် သက် ပါးနီလေးပေးဦး ချစ်ဖို့ကောင်းအောင် မို့မို့လေး ခြယ်ရမယ် နှုတ်ခမ်းနီကို ပန်းရောင်ဖျော့ဖျော့လေးထုတ် အလယ်မှာ အနီရဲရဲလေးမှေးဆိုးရမယ် ကိုရီးယားမလေးတွေလို ဆံပင်တုတပ်ပြီး တော့ အကျီ ဝတ်ဖို့ ထုတ်လိုက်တော့ အကျီက ဖြူစွတ်နေတဲ့ ဂါဝန်လှလှလေး

Without YouWhere stories live. Discover now