Part-4

15.4K 1.2K 5
                                    

Without You
Part-4 (unicode)

ကျောင်းပိတ်ရက်တွေ တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားတယ် အိပ်လိုက်စားလိုက်နဲ့ ဘာမှသိပ်မကြာလိုက်သလိုပဲဟု ဘေးဘေးတွေးမိတယ်။သက်နှင့် ကလျာတို့နှင့်သာ တစ်ရက်လောက် လည်လိုက်ရတာမို့ ထွေထွေထူးထူးတော့ အမှတ်တရတွေ မရှိခဲ့ပါ။

ဘာပဲဖြစ်ဖြစ်မနက်ဖြန်ကျောင်းပြန်တတ်ရတော့မယ်။ ကျောင်းပိတ်တုန်းပျင်းနေတာမို့ ကျောင်းတော့ ပြန်တတ်ချင်ပါရဲ့ ကိုသု မျက်နှာကြီးမျက်လုံးထဲ မြင်လာတော့ ချက်ချင်းမျက်နှာသစ်ပြစ်ချင်စိတ်တောင် ပေါက်သွားရသည်။

ကိုသုနဲ့ပေါင်းရတာ ငယ်ငယ်ကတည်းကမို့ သူအတော်ခင်ပေမဲ့ ကိုသုကတော့ ကိုယ့်အပေါ်အဲ့လိုမဟုတ်။ မနက်မိုးလင်းကျောင်းသွားရင် စက်ဘီးနောက်က အခန့်သားလိုက်စီးတတ်သည်။ ကျောင်းမုန့်စားချိန်ပေးရင်လည်း ဘယ်တော့မှသွားမဝယ် ကိုယ်ပဲဝယ်ပေးရသည်။

နောက်ပြီး စာသင်နေရင်လည်း ဟိုးနောက်ဆုံးခုံက သူ့နေရာ။ စာလည်းလိုက်မလုပ် အမြဲတမ်းသူ့စာအုပ်ပါ လ်ိုက်ကူးပေးရသည်။ အတန်းထဲတွင် အမြဲ 1 to 10 ဝင်နေလို့သာ ဆရာမတွေက မျက်နှာသာပေးထားတာ တကယ်တော့လူဆိုးကောင်

ကျောင်းရောက်ရင် ကောင်မလေးတွေ ကြည့်မယ်။ လိုက်စမယ် စာလိုက်ပေးမယ်။ ပျော်မယ် ပါးမယ် အိပ်မယ် သူ့စိတ်ထဲ ဒါပဲရှိသည်။ ကျောင်းမှာလည်း ရည်းစားများသည်ဟု သတင်းထွက်လည်းမမှု ယောက်ျားကောင်းမိန်းမတစ်ထောင်ဆိုတာ သူ့လက်သုံးစကားပင်ဖြစ်တာမို့ အထူးတလည်ထူးဆန်းမနေတော့ပါ။

အဆိုးဆုံးကတော့ ကောင်မလေးတစ်ယောက်ကို ဘယ်တော့မှ တစ်လထက်ပိုမတွဲ။ ရှစ်တန်းက ကလေးမလေးတွေနှင့် အသံကြားသလို ဆယ်တန်းက အမကြီးတွေနှင့်လည်းတွဲတာပဲ ကိုးတန်းတန်းတူချင်းလည်း မလွတ်။

သူမတွဲချင်တော့ရင် ပတ်ပြေးသည်။ သူပွေသမျှ ဘေးဘေးကရှင်းရသည်။ ကျောင်းက လူတွေ အကုန်လုံးက ဘေးဘေးဆို သူ့နောက်က လိုက်တဲ့ နောက်လိုက် ငယ်ကျွန်ကြီး လို့ကိုမြင်ကြတာ။ နဒီချိုက ဒီနှစ်မှ ပြောင်းလာလို့ မသိပေမဲ့ သိတဲ့သူတွေပါးစပ်ထဲမှာတော့ ဟိုးလေးတကျော်ကျော်။

Without YouWhere stories live. Discover now