Part-11

13.9K 1K 2
                                    

Without You
Part -11(unicode)

မနေ့က ကျောင်းကပွဲက ပြန်ရောက်တာနောက်ကျတာရယ် ငိုထားတာတွေရယ်ကြောင့် ဘေးဘေး မနက်ကို အိပ်ယာထနောက်ကျလေသည်။ ခါတိုင်းအိပ်ယာထ နောက်ကျရင်ကိုသုက လာနှိုးနေကြ။ ဒါပေမဲ့ သူလာနှိုးမည်မထင်ပါ။ သူ ဘေးဘေးကိုတစ်မျိုးမြင်သွားပြီလေ

အိပ်ယာမှကမန်းကတန်းထ မျက်နှာသစ် သွားတိုက် အဝတ်အစားလဲပြီးအချိန်ကြည့်လိုက်တော့ ၈နာရီ ၁၅မိနစ်တောင်ရှိပြီပဲ ကျောင်းက ၈နာရီခွဲ အစောကြီးတတ်တာမို့ ဘေးဘေး အိမ်က နေ ထွက်လာခဲ့သည်။ သူလာမခေါ်လည်းဘာမှမဖြစ်ပါဘူးလေ ကိုယ့်ဘာသူသွားလို့ရတာပဲ ဆိုပြီး အားတင်းပြီး ဘေးဘေး လျှောက်လာခဲ့သည်။

လမ်းထိပ်ရောက်တော့ ကားတစ်စီးက ဘေးမှာ လာရပ်သည် ဘေးဘေးကို လှမ်းခေါ်သံကြား၍ ကြည့်လိုက်တော့ ကိုမြတ်။

"ဘေးဘေး တစ်ယောက်တည်းလား လာ ကားပေါ်တတ်လေ အတူတူသွားရအောင်" ခေါ်လေသည်။

"နေပါစေ ကိုမြတ် ကျောင်းရောက်တော့မှာပဲ ကိုယ့်ဘာသူပဲ လမ်းလျှောက်လိုက်တော့မယ်" ဆ်ိုပြီးသာ ဆက်လျှောက်နေသည်။ ကိုမြတ်က လည်း အလျှော့မပေး ကားပေါ်မတတ်မချင်း တတွတ်တွတ် ခေါ်သည်။ ကြာတော့ မကောင်းတော့သည်မို့ သူ့ကားနှင့်အတူလိုက်လာရသည်။

ထိုအခါမှ ကိုယ်တော်ချောက မျက်နှာက အလိုကျသည် စိတ်ရှုပ်လိုက်တာနော် ကိုသုက နဂို ကတည်းကမှ မနေ့က ကိစ္စ အထင်လွဲပြီး အမြင်မကြည်ရတဲ့ကြားထဲ ဒုက္ခပါပဲဟုသာ ညည်းမိတော့သည်။

"မနေ့က စင်ပေါ်မှာ ကိုယ်အမှားလုပ်ခဲ့မိရင် ကိုယ့်ကို ခွင့်လွှတ်ပါ"ဆိုပြီး ကိုမြတ်တောင်းပန်တော့ "ရပါတယ် ပြီးခဲ့တာတွေ ပြီးပြီပဲ"ဘယ်တတ်နိုင်ပါတော့မလဲဟုသာ ပြန်ပြောမိသည်။

သူကျောင်းကို ရောက်တော့ ဘေးဘေးမရောက်သေး သူရတို့က လှမ်းအော်သည်

"ကိုသု မင်းဘေးဘေး ပါမလာဘူးလား "

"အဲ့ကောင်အကြောင်း လာမပြောနဲ့ ငါ့သူငယ်ချင်းထဲမှာ မိန်းမလို ဝတ်ကတဲ့ကောင် မရှိဘူး" သူ စိတ်တိုစွာပြောမိလျှင်

Without YouWhere stories live. Discover now