Part-16

13.4K 906 3
                                    

Without You
Part-16(unicode)

အားကစားအချိန် ပြီးကတည်းက ညနေကျောင်းဆင်းသည့်အချိန်အထိ ကိုသုကို မတွေ့။ ဒုက္ခပါပဲ ဘယ်တွေများလျှောက်သွားပြီး ဘာတွေလုပ်နေမှန်းမသိစိတ်ပူမိသည်။ အန်ကယ်တို့ သ်ိရင် ဒင်းတော့ သေချာတယ် အမှုန့်ကြိတ်ခံရမှာမို့ ဖုန်းပင်မဆက်ရဲ ကိုယ်ဆက်မှ တော်ကြာ မရောက်သေးဘူးဆို အကုန်ပြဿနာတွေ ရှုပ်ကုန်မယ် မလား။

ဟူးးးးး တော်တော်ဂြိုလ်မွှေတဲ့ကိုသုဆိုပြီး သက်ပြင်းပင်ချမိလေသည်။ ခါတိုင်း ကျောင်းလည်းမလစ်တတ်ပါပဲနဲ့ ဘယ်လိုလုပ်ပြီး ဒီနေ့မှလစ်ရတာလည်း။ သူလစ်တာ ကိစ္စမရှိ ကိုယ့်မှာ ကျောင်းတတ်ရတာပင် စိတ်က မဖြောင့် အိမ်ပြန်ရောက်တဲ့အထိပဲ။ ညစာလုပ်နေရင်လည်း စိတ်ကမဖြောင့် နာရီကို ကြည့်မိတော့ ဆယ်နာရီက ထိုးနေပြီ။

~~ကလင်~~~ကလင်~~ကလင်~~

ဟော အောက်က ဖုန်းသံကြားတယ် ကိုသုလားမသိဘူး ဖုန်းဆင်းကိုင်မှပဲ။ အောက်ကို ဖုန်းမကျခင် အပြေးဆင်းသွားမိသည်။တော်သေးတယ် မကျသေးဘူးဆိုပြီး ကိုင်လိုက်မိသည်။

ဘယ်လောက်တောင်လောမိသွားလဲမသိ"ဟဲလို ကိုသုလား" ဟု အလောတကြီးဖြင့်မေးမိသည်အထိ။တစ်ဖက်မှ

"မဟုတ်ပါဘူး ကိုမြတ်ပါ၊ ဘာလဲ ဟိုတစ်ယောက်ဆီက ဖုန်းစောင့်နေတာလား ဘေးဘေးက"

"မဟုတ်ပါဘူး ကိုသုက အခုထိ ပြန်ရောက်ပြီလား မရောက်သေးဘူးလား မသိလို့လေ နေ့လည်ကတည်းက ကျောင်းမှာမတွေ့ရတာဆိုတော့ တစ်ခုခုများဖြစ်နေမလားဆိုပြီး စိတ်ပူနေတာပါ"

"အဲ့ကောင်က ဉာဏ်ကောင်းပါတယ်ကွာ သူ့ပြဿနာ သူရှင်းနိုင်ပါတယ် စိတ်ပူမနေနဲ့" အဲ့လိုပြောတော့လည်း ကိုသုဘက်က နာချင်သည်။ မကျေနပ်သော်လည်း စိတ်ထဲသာ သိမ်းထားလိုက်ပြီး

"ဒါနဲ့ ကိုမြတ်က ဘာပြောမလို့ ဆက်တာလဲ"ဆ်ိုပြီးမေးမှ

"အော် မနက်ဖြန်ပိတ်ရက်လေ နေ့လည်ကို ကန်တော်ကြီးသွားရအောင် သက်နဲ့ကလျာကို ကိုယ်ကျောင်းမှာကတည်းက ပြောထားတယ်။ ဘယ်လိုလဲ လိုက်မယ်မလား"ဟု မေးသည်။

Without YouWhere stories live. Discover now