Part-26

17.8K 920 12
                                    

Without You
Part-26 (unicode)

လပြည့်ည၏လရောင်အောက်မှာ ပြင်ဦးလွင်မြို့ကလေးက လှုပ်ရှား သွားလာမှုများဖြင့်အသက်ဝင်နေသည်။ အိမ်ရှေ့ ဝရံတာကနေ အပြင်ကို ထိုင်ငေးနေမိသည်။ မမကြီးတို့ မေမေတို့က ဆီမီး ပူဇော်နေကြသလို အိမ်အပြင်မှာလည်း လမ်းထဲက ကလေးတွေက မီးပုံး ကိုယ်စီနှင့် ပျော်ရွှင်နေကြလေသည်။

နေ့လည်က သက်တို့နှင့် တွေ့တော့ ကိုသုနှင့်အကြောင်းကို တိုင်ပင်မိသည်။ သူတို့သဘောအရဆိုရင်တော့ ဆက်မပတ်သတ်စေချင်တော့ဘူး ဆိုတဲ့အကြောင်း သက်တို့က ပြောလာသည်။ ကိုယ်တိုင်လည်း မပတ်သတ်ချင်တော့ပေမဲ့ နှလုံးသားက ဦးနှောက်ရဲ့ အမိန့်ကို မနာခံတာ တော်တော်ဆိုးသည်။

ဘယ်လောက်ထိ အတွေးနယ်လွန်မိသည်လည်းမသိ ကိုသု ရောက်နေတာတောင် မသိလိုက်မိ။ ကိုသုက အနွေးထည်တစ်ထည်ကို အနောက်ကနေခြုံပေးရင်း ဘေးမှာဝင်ထိုင်လေသည်။ ပြီးတော့

"ဘေးဘေး ဒီလောက်အေးနေတာကို ဘာလို့ ဝရံတာမှာ ထွက်ထိုင်နေရတာလဲ မင်းအအေးနဲ့ မတည့်တာ ကိုယ့်ကိုကိုယ်လည်း မသိတာ မဟုတ်ဘူး"ပြောလည်း ပြော သူ့လည်ပင်းမှာ ပတ်ထားသည့် မာဖလာက်ို ဖြုတ်ကာ ဘေးဘေးကို ပတ်ပေးလေသည်။

ဆောင်းဝင်ကာစပေမဲ့ ပြင်ဦးလွင်မှာတော့ တော်တော်အေးနေပါပြီ။ လရောင်အောက်မှာ မာဖလာပတ်ပေးနေသည့် ကိုသုကို ငေးကြည့်နေမိသည်။ သူ့မျက်နှာပေါ်မှာတော့ စိတ်ပူသည့်အရိပ်အယောင်တွေက ပြေးနေသည်။

"ကလေးလည်း မဟုတ်တော့ဘူး အမြဲတမ်း ကျန်းမာရေးကို ဂရုမစိုက်ဘူး အပြင်ထွက်ရင် ဖျားမှာမှန်း သိသိကြီးနဲ့ ဘယ်တော့မှ ဂရုမစိုက်ဘူး"

အဖေတစ်ယောက်လို ပွစိပွစိဖြင့် ပူပန်နေသော သူ့ကိုကြည့်ရင်း ရယ်မိသည်။ ဘေးဘေးရယ်တော့ မင်းဘာရယ်တာလည်း ဆိုပြီး လက်သီးဆုပ်ပြီး ခပ်ဖွဖွထိုးသည်။အမှန်တိုင်းပြောရရင် ကိုသုက အမြဲတမ်း အနိုင်ကျင့်တတ်ပေမဲ့ တစ်ခါတစ်လေ အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်တာကိုတော့ သတိထားမိသည်။

ကိုသု မျက်နှာကို ငေးကြည့်ရင်း

"ကိုသု ငါ့ကို ဘယ်လို သဘောထားတာလည်း" ဆိုပြီး မေးမိသည်။မထင်မှတ်ထားသော မေးခွန်းကြောင့် ထင်သည် ကိုသု ရုတ်တရတ် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည့်ပုံပါပဲ။

Without YouWhere stories live. Discover now