Part-10

14.2K 1.1K 10
                                    

Without You
Part-10

သူစိတ်တိုတိုနဲ့ လှည့်ပြန်လာခဲ့သည် အနောက်က နေ ကိုသု ခဏ နေပါဦး ကိုသု ခဏဆိုပြီး ဘေးဘေးက အနောက်ကနေ ပြေးလိုက်လာပြီး သူ့လက်ကို လာဆွဲသည်မို့

သူဘေးဘေးကို မျက်နှာမူလိုက်ပြီး "ပြော ဘာပြောချင်လို့လဲ "

"ဟို....ဟိုလေ.. ဒါကလေ ငါကချင်လို့ ကတာမဟုတ်ပါဘူး မိုးသန္တာမလာလို့ ငါက ရတာပါ ငါ့ကို တစ်မျိုးမထင်ပါနဲ့ မေမေတို့ကိုလည်း မပြောပါနဲ့ တောင်းပန်ပါတယ်နေယ် ငါ့ကိုကူညီပါ" ဟု ဘေးဘေး လက်အုပ်ချီပြီးအမောတကော ရှင်းပြနေပုံလေးက ချစ်ဖို့ ကောင်းလွန်းနေပေမဲ့ နမ်းနေတဲ့ မြင်ကွင်းကြီးက မျက်စိထဲဝင်လာသည် ကျစ်...စိတ်တိုတ်ိုနဲ့ ထုထည့်လိုက်ရရင်တော့ ဒီထက်ပိုပြီး မြေကြီးထဲဝင်တော့မယ်ဘေးဘေးရေ ဟု စိတ်ထဲကပြောမိသည်။

"မင်းဟာက မကချင်လို့သာတော်တော့တယ် စင်ပေါ်မှာဟိုကောင်နမ်းတာကြ မင်းသဘောတွေ ခွေ့ပြီးငြိမ်ခံ သာယာနေတယ်မလား" သူစိတ်ပေါက်ပေါက်နဲ့ပြောမိသည်

"အဲ့တာက ပြဇာတ်ကနေတုန်းမို့ပါ ထပြောလို့မရဘူးလေ ငါတို့က ဘာစိတ်မှမရှိပါဘူး ရိုးရိုးသားသားပါ" ဘေးဘေးသူ့ကို အသည်းအသန်ရှင်းပြနေမိသည်။ မေမေသိရင် သတ်မှာလေ ဒီကိစ္စက

သူက နားဝင်ဟန်မတူပဲ" တော်စမ်းပါ မင်းတို့ စိတ်ထဲ ဘာရှိလဲ မင်းတို့ အသိဆုံး အေး မင်တို့ဘာသာ ဘာဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး ပြီးတော့ ယောက်ျားချင်းနမ်းတဲ့ မင်း မရှက်ဘူးလား ယောက်ျားဖြစ်ပြီးတော့ကွာ ယောက်ျားချင်းနမ်းရတယ်လို့ ငါ့မှာ မင်းလို သူငယ်ချင်းမရှိဘူး ဒီနေ့ကစပြီး မင်းနဲ့ငါနဲ့ အပြတ်ပဲ သူငယ်ချင်းမဟုတ်တော့ဘူး မင်းကို ငါလာမခေါ်နိုင်တော့ဘူး မင်းဘာသာမင်းကြိုက်တာနဲ့လာ နောက်လမ်းမှာတွေ့ရင်တောင် မခေါ်နဲ့ကွာ"ဒါပဲ ဆိုပြီး လှည့်ထွက်သွားလေသည်။

ထွက်သွားသော ကိုသု နောက်ကျောကိုကြည့်ရင်း ဘေးဘေး ဝမ်းနည်းလွန်းလို့ မျက်ရည်တွေစီးကျလာမိသည် သူ့လက်ကိုလှမ်းဆွဲပေမဲ့ ပုတ်ထုတ်ပြီးသူထွက်သွားသည် အဲ့နေ့ရာမှာပဲ ထိုင်ငို ချလိုက်မိသည် ကိုသုရာ နင်ပြောရက်လိုက်တာ ငါ နင်မဟုတ်တာတွေ လုပ်နေတာတောင် ငါအမြဲဖုံးဖိပေးခဲ့တာပါ နင့်ကို လူဆိုးလူပွေလို့ လူတကာပြောပေမဲ့ ငါနင့်ဘက်ကပဲ ရပ်တည်ခဲ့တာပါဟာ နင်ကတော့ ငါ့အပေါ်ပြောထွက်ရက်တယ်ဆ်ိုပြီး ထိုင်ငိုမိလေသည်။

Without YouWhere stories live. Discover now