Part-20

12.8K 901 17
                                    

Without You
Part-20 (unicode)

ကိုမြတ်နှင့်စာအတူတူလုပ်နေသည့်အချိန် အခန်းတံခါးခေါက်၍ ထဖွင့်ပေးလိုက်တော့ အခန်းတံခါးဝမှာ ကိုသု။ ဘေးဘေးကို တွေ့တော့ ပြုံး၍ လှမ်းဖက်မလ်ု့ိ ပြင်ပေမဲ့ အခန်းထဲမှာရှိနေသော ကိုမြတ်ကို မြင်တော့ ကိုသု မျက်မှောင်ကြုတ်ကာ လူကို ဝင်တိုက်ပြီး အခန်းထဲဝင်သွားသည်။

ကိုမြတ်စာလုပ်နေသော နေရာနားမှာ ရပ်၍ "မင်း ဒီမှာဘာလုပ်နေတာလဲရန်ကုန်သား"ဆိုပြီး မေးလေသည်။

"စာလုပ်နေတာ မင်းမျက်လုံးက မမြင်ဘူးလား"

"စာလုပ်ရင် မင်းအိမ်မင်းပြန်လုပ်လေကွာ မင်းက ငါ့လူအိမ်လာပြီး လုပ်စရာလား"

"မင်းလူက နေ့လည်က ငါသိလိုက်တာ နဒီချိုပါ ဒါဘေးဘေးအိမ်လေ နဒီချို့အိမ်မှမဟုတ်တာ"ဟု ကိုမြတ် ဂရုမစိုက်စွာ ပြန်ခနဲ့လျှင် ကိုသု ဒေါသထွက်ပြီး ကိုမြတ် အကျႌစကို ချုပ်ကိုင်လိုက်တော့ ငြိမ်နေလို့မရတော့ပေ။

"ကိုမြတ်ကို အဲ့လိုမလုပ်ပါနဲ့ကိုသု"ဆိုပြီး သူတို့နှစ်ယောက်ကြားကို ဝင်ရပ်လိုက်ရလေသည် ပြဿနာဖြစ်လည်း မတတ်နိုင်တော့ အိမ်မှှာ ရန်ဖြစ်ရင် မေမေတို့ သ်ိသွားရင် ကိုယ်ပဲ အဆူခံရမည်။

"မင်းက အဲ့ကောင်ဘက်ကလား ဘေးဘေး "ဆ်ိုပြီး ဘေးဘေး ပုခုံးကို ဆွဲလှုပ်ကာ မေးပြန်သည်။ ကျစ် အဲ့တာတွေ မကြိုက်တာ အမြဲတမ်း လူကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာတွေမုန်းပါတယ်ဆိုနေမှ။

"မဟုတ်ဘူးလေကွာ ကိုမြတ်က အင်္ဂလိပ်စာတော်တယ်လေ"ဆိုပြီး လျှောက်လဲချက်ပေးပြန်တော့လည်း "ငါကရော မတော်လို့လား"ဆိုပြီး မေးပြန်သည်။

"မဟုတ်ဘူးလေ ငါက နင် နဒီချို့ကို စာရှင်းပြမယ်ထင်လို့ ငါအနှောက်အယှက်မပေးချင်လို့ ဒီအတိုင်းကိုမြတ်ကို အကူအညီတောင်းမိတာပါ"

"အိုကေလေ အဲ့တာဆိုလည်း မင်းသဘောကျတဲ့ကောင်နဲ့သာ ဆက်လုပ်နော် မင်းကြိုက်တဲ့လမ်းကို မင်းဘာသာရွေး"ဆိုပြီး စိတ်ဆိုးပြီး ထွက်သွားလေသည်။

Without YouWhere stories live. Discover now