Part-24

12.1K 856 10
                                    


Without You
Part-24(unicode)

မနက်ဖြန်ဆိုရင် သီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်ပြီ။စာမေးပွဲလည်းဖြေနေရသလို အခုဆိုရင်ပင် နှစ်တစ်ဝက်ပင်ကျိုးနေပြီဟုဆိုရတော့မည်။ ဘေးဘေးကတော့ မြန်မြန်ကျောင်းပြီးပြီး တက္ကသိုလ်ကို မြန်မြန် တတ်ချင်နေပြီ။ တက္ကသိုလ်က ပိုပြီး လွတ်လပ်သည်ဟု ဆရာဆရာမတွေက ပြောပြကြကိုး။

စာမေးပွဲဖြေသည့်အတောအတွင်း ကိုသုရော ဘေးဘေးပါ စကားမပြောနိုင်အား ဆယ်တန်းကို အမှတ်များများနှင့်ဂုဏ်ထူးများများ ထွက်နိုင်ကာမှ တော်ကာကျပေလိမ့်မည်။ ကိုသုကတော့ အင်ဂျင်နီယာဖြစ်ချင်သည်တဲ့။ ဘေးဘေးကတော့ နိုင်ငံခြားဘာသာတက္ကသိုလ် တတ်ချင်သည်။ အထူးသဖြင့် ကိုရီးယားဘာသာစကားကို လေ့လာချင်သည်။

ဒီနေ့စာမေးပွဲက နှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့မို့ မနက်ဖြန်ဆိုလျှင် အိမ်သို့ပြန်ရန် ခွင့်ဆယ်ရက်ပေးသည်မို့ အရမ်းပျော်နေမိသည်။ မေမေ့ကို အရမ်းလွမ်းနေပြီ။ သက်နှင့်ကလျာတို့နှင့်လည်း မတွေ့တာကြာနေပြီမို့ တွေ့ချင်လှသည်။

ကိုယ့်အတွေးနှင့်ကိုယ်စျာန်ဝင်နေခိုက် "ဘေးဘေး စာမေးပွဲဖြေရတော့မယ် ပြီးရင်သွားကြရအောင် "ဆိုပြီး ကိုသု လာပြောမှ "အော် အင်း သွားမယ်လေ"ဆိုပြီး နှစ်ယောက်သား စာမေးပွဲခန်းရှိရာသို့ လျှောက်လာခဲ့ကြလေသည်။ ကျောင်းက privateကျောင်းဖြစ်တာမို့ အဆောင်ကနေ စာသင်ဆောင်သို့ ကူးသွားယုံပဲမို့ သက်သာလှသည်။

စာသင်ခန်းသို့ သွားနေသည့်လမ်းတွင် "ကိုသု ပိတ်ရက်မှာ ဘာလုပ်မှာလဲ" ဟု မေးမိသည်။

"မသိသေးပါဘူူး နဒီချိုနဲ့ တွေ့မလားလို့ မတွေ့ရတာကြာပြီလေ"ဆိုပြီးပြန်ဖြေလေသည်။ မထင်မှတ်ထားသော အဖြေမို့ ဪ ဟုသာ ပြန်ဖြေမိလေသည်။ စာမေးပွဲခန်းသို့ ရောက်တဲ့ အထိ စကားဆင်မပြောဖြစ်တော့ ရင်ထဲမှာတော့ စူးပြီးအောင့်နေတာ တော်တော်နေရခက်သည်။

ကိုယ့်ဘက်ကပဲ တစ်ဖက်သတ် ချစ်မိနေတာလားဆိုသော အတွေးက ပို၍နာကျင်စေသည်။အခုထိ ဘယ်သူမှမသိကြပဲ တွဲနေကြပေမဲ့ တစ်ခါတစ်လေ ကိုသု လုပ်ရက်က အလေးမထားသလိုခံစားနေရသည်။ စိတ်ထင်တာနေမှာပါ ဆိုပြီး ခဏခဏ ကိုယ့်ကိုကိုယ် စိတ်လျှော့ရပေါင်းလည်း မနည်းတော့။

Without YouWhere stories live. Discover now