Part-12

14.1K 1K 4
                                    


Without You
Part -12 (unicode)

တစ်ပါတ်ကျော်ကြာလာသည့်အထိ သူဘေးဘေးကို စိတ်ဆိုးမပြေသေး မပြေဆိုကြည့်လေ ပြေစရာမှမရှိတာ။ ကျောင်းမှာ ကျောင်းသားသစ်ဆိုတဲ့ကောင်နဲ့ တတွဲတွဲ တစ်ခြားသူတွေက သတိထားမိသည့်အထိ။

သူမြင်တာကတော့ ဟိုကောင်က တမင်ကပ်နေတာပါ။ တမင်ကပ်နေမှန်းသိရင် ခွာလေ ဘာလဲ အကပ်ခံချင်နေတာလား။ မဟုတ်ဘူး သူဘေးဘေးစိတ်ကိုသိသည် ဒီကောင်က အရမ်းအားနာတတ်တယ်။

တစ်ယောက်တည်းတွေးရင်း ကုတင်ပေါ်မှာ လူးလိုက်လှိမ့်လိုက် နာရီကြည့်မိတော့ ၁၁ထိုးနေပြီ။ ဒီကောင်အိပ်နေပြီလားမသိ ဟာ...ငါသူ့ကိုစိတ်ပူနေတာလား မဖြစ်နိုင်ပါဘူး တွေးရင်း ညနေက ကိစ္စ ခေါင်းထဲရောက်လာသည်။

ဒီနေ့ ကျောင်းပိတ်ရက်မို့ သူညနေက ဂိမ်းဆိုင်သွားသော ဆ်ုိင်က ကောင်တွေ ဘေးဘေးအကြောင်း ပြောနေတာကြားသည် ဘေးဘေး ဘယ်လိုcuteဖြစ်တယ် ဘယ်လိုချစ်ဖို့ကောင်းတယ် မိန်းကလေးသာဆိုရင် ဘယ်လောက်ကောင်းမလဲတွေရော ဟားးး ငါရူးချင်တယ်ဘေးဘေးရေ။ ငါ့စိတ်တွေလည်း အခုတလော ဘာတွေဖြစ်နေမှန်း မသိတော့ဘူးကွာဟုတွေးရင်း သူစိတ်ရှုပ်စွာ ဆံပင်တွေက်ို လက်ဖြင့် ထိုးဖွမိသည်။

ဘေးဘေးကလည်းဘေးဘေးပဲ ဒီနောက်ပိုင်း စောက်ရမ်းcuteလာလိုက်တာများ ကိုက်စားပစ်ဖို့ကောင်းတယ်။ ရယ်လိုက်ရင် ကျောင်းက ကောင်တွေ အကုန်လျှော ဒီချိန်က ဘေးဘေး ဘာလုပ်လုပ် သဲသဲတွေလှုပ် ဟိုကောင် က်ုိမြတ်ကလည်း ဘေးနားကမခွာ ကျောင်းဆင်းကျောင်းပြန်ကြိုပေးနေသေးသည်။

ဘေးဘေးက ဝတ္တရားမပြတ် မုန့်စားဆင်းတိုင်းလာမေးပေမဲ့ ကိုမြတ်ဆိုတဲ့ကောင်ကို မျက်လုံးထဲသိပ်မတွေ့တာမို့ ဘုဂလန့်တွေ ပြောခဲ့တာကြည့်ပဲ အမှန်ဆိုရင် သူဘေးဘေးကို တကယ်လွမ်းနေပါပြီ။

ငယ်ငယ် ကတည်းက ခင်လာတဲ့ သူငယ်ချင်းမို့သာ သူစိတ်သူ မသိခဲ့တာ ဘေးဘေးနားမှာ တစ်ခြားတစ်ယောက်ရှိနေတာ မြင်တော့ သူ့စိတ်က အလိုမကျတန်းဖြစ်တာ သူအသိပဲ

ဟားးးးး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း ငါဘာတွေတွေးနေတာလဲ ငါဘေးဘေးအပေါ်ကို အဲ့စိတ်တွေ မဝင်သင့်ဘူး။ ဘေးဘေးက ငါ့ကို တော်တော်ခင်တာ။

Without YouHikayelerin yaşadığı yer. Şimdi keşfedin