Part-6

14.5K 1.1K 7
                                    


Without You
Part-6 (unicode)

ကျောင်းတတ်ခေါင်းလောင်းထိုး နိုင်ငံတော်သီချင်းဆိုပြီးသည်နှင့် ဆရာမ အတန်းထဲသို့ ဝင်လာသည် အနောက်မှာ ကျောင်းသားတစ်ယောက်ပါလာသည်။ သက်တို့ပြောပြတဲ့အတိုင်း အသားဖြူဖြူ အရပ်ရှည်ရှည်မို့ မြတ်လင်းဉာဏ် ထင်ပါရဲ့

ဘာမှတော့ မဆိုင်ပေမဲ့ ကိုသုနှင့် သူနဲ့ကို စိတ်ထဲ ရုတ်တရတ် ယှဉ်မိသွားသည် ကိုသုက လည်းချောပေမဲ့ ကိုသုကကိုရီးယားမင်းသား ထိုင်းမင်းသားတွေလို နှုတ်ခမ်းပါးပါးလေးနဲ့ ချောတာ မြတ်လင်းဉာဏ်က မေးရိုးကားကား နှုတ်ခမ်းမွှေးရေးရေး နဲ့ အနောက်တိုင်းမင်းသားတွေလိုချောတာ

"ကဲ သားတို့သမီးတို့ ဒါ ဆရာမတို့ကျောင်းကို ရန်ကုန်ကနေပြောင်းလာတဲ့ ကျောင်းသားသစ် မြတ်လင်းဉာဏ်တဲ့ သူ့အဖေက ဒီမြို့ကို တာဝန်နဲ့ ပြောင်းလာရတာမို့ သူတို့မိသားစုပါ ပြောင်းလာရတာ အဲ့ဒီတော့ ပတ်ဝန်းကျင်အသစ်မို့ နွေးနွေးထွေးထွေး ပေါင်းသင်းဆက်ဆံပေးကြနော်" ဟု ဆရာမက သူနှင့် မိတ်ဆက်ပေးလေသည်။

"ဟုတ်ကဲ့ပါဆရာမ" ဟု သံပြိုင်ပြန်လည်ပြောဆိုတော့ သူ့တစ်ချက်ပြုံးသွားသည် သူပြုံးတာမြင်တော့ အတန်းထဲက ကောင်မတွေ ပွက်လောရိုက်သွားတာ မြင်မကောင်းဘူး တော်တော်ဆွဲဆောင်မှုရှိတဲ့သူပဲ ဟု ဘေးဘေးတွေးမိသည်။ ကျောင်းမှာ ကိုသုနဲ့ အပြိုင် မင်းသားတစ်ပါးတော့ ပေါ်လာပြီပဲဟု စိတ်ထဲမှပင်တွေးနေမိလေသည်။

"ကဲကျောင်းသားသစ်ကို နေရာချပေးရဦးမယ်" ဟု ဆရာမက ဆိုတော့ ဖြစ်ချင်တော့ ဘေးဘေးရဲ့ ဘေးမှာထိုင်တဲ့ သီဟက ဒီနေ့ကျောင်းမလာ တစ်တန်းလုံးမှာ ဘေးဘေး ဘေးက ခုံတစ်ခုံပဲလွတ်တာမို့ ဒါကို မြင်သော သက်နှင့်ကလျာက

"ဆရာမ မြတ်သုတညီ ဘေးမှာ လူမရှိဘူး ဆရာမ။ ပြီးတော့ မြတ်လင်းဉာဏ်နဲ့ မြတ်သုတညီဆိုတော့ မြတ်မြတ်ခြင်း ထိုင်တော့ မြတ်တာပေါ့ဆရာမရယ် ဆိုပြီးပြောလျှင်" တစ်တန်းလုံး ဝါးကခနဲရယ်လိုက်ကြလေသည်

ဂွစာမတွေ စပ်ို့ပြီဟု သူတို့ဘက်လှည့်ပြီးကျိန်ဆဲရင်း ယောင်ပြီးနောက်ကိုလှည့်ကြည့်မိတော့ ကိုသု မျက်မှောင်ကျုံ့ နေသည် ဘာကို အလိုမကျလို့လဲမသိဘူး ကျောင်းလာတုန်းက အတန်းထဲမဝင်ပဲ နဒီချိုတို့ အခန်းဘက်သွားတာမို့ နဒီချိုနဲ့ အဆင်မပြေလာဘူးလားမသိဘူးဟုသာ တွေးမိသည် ဒါပေမဲ့ ကိုယ်နဲ့မဆိုင်တာမို့ ချက်ချင်းအရှေ့ကို ပြန်လှည့်မိသည်။

Without YouWhere stories live. Discover now