Part-7(Season-2)

11.5K 812 10
                                    

Without You
Season-2 ,Part-7(unicode)

ညအိပ်ခါနီးမှ မမလတ်အခန်းကို တံခါးသွားခေါက်မိသည်မအိပ်သေးရင် စကားပြောဖို့ပါ အိပ်နေရင်တော့ ပြန်လှည့်လာမည်ဆိုသော စိတ်ကူးဖြင့်ပါ။ ဘယ်သူလဲဆိုပြီး ပြန်ဖြေသံကြား၍ ကြည့်ရတာ မလတ်မအိပ်သေးဘူးထင်သည်။

ဘေးဘေးပါ ဆိုပြီးဖြေလိုက်တော့ မလတ်တံခါးလာဖွင့်ပေးသည်။

"ဒီအချိန်ကြီးရောက်နေပြီ ဘေးဘေး နင်မအိပ်သေးဘူးလား"ဆိုပြီး မလတ်ကမေးတော့

"ပြောစရာရှိလို့မလတ် အချိန်ခဏလောက်ရမလား"ဆိုတော့ "ရတယ်လေ ဝင်ခဲ့လေ"ဟု ပြောလေသည်။

အခန်းထဲရောက်တော့ မလတ်ကုတင်ပေါ်မှာပဲထိုင်ရင်း ဘယ်ကနေ ဘယ်လိုစပြောရမလဲဆိုတာ စဉ်းစားနေရသည်။ ပြောရခက်နေသည်ကို မလတ်ကရိပ်မိသည်ထင်သည်

"ဘေးဘေး ဘာပြောမလို့လဲ ပွင့်ပွင့်လင်းလင်းပြော"ဆိုပြီး ပြောလာသည်။

"ဟိုလေ မလတ် ဘေးဘေး နှလုံးရောဂါ အခြေအနေ ပိုပိုပြီးဆိုးလာတယ်ထင်တယ်"

"ဟင် ဘယ်လိုဖြစ်လို့ ဆိုးလာတာလဲ နင်ကျန်းမာရေးဂရုမစိုက်ဘူးလား"

"ဂရုစိုက်ပါတယ် မလတ် ဒါပေမဲ့ ဒီနောက်ပိုင်း ပိုပိုဆိုးလာတယ် မန်းလေးမှာ ဆရာဝန်ကြီးနဲ့ ပြပြီး ဆေးသောက်နေရတာ ကြာပြီ"

"ဒါတွေ ဟိုကောင်သိလား "

"သူမသိဘူးမလတ် သူ့ကို စိတ်မပူစေချင်လို့ ဘေးဘေးဘာသူ သူမသိအောင်ဆရာဝန်နဲ့ ကြိတ်ပြနေတာ"

"ဘေးဘေး မလတ်ပြောပြမယ်နားထောင်.. ဘေးဘေး မလတ်ကို အခုလို ပွင့်ပွင့်လင်းလင်းလာပြောပြတာ မလတ်သဘောကျတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဒီလို ကိစ္စမျိုးက သက်ဆိုင်တဲ့ မိသားစုဝင်ကို ပြောပြသင့်တဲ့ကိစ္စပဲ။ ကိုယ့်ကြောင့် စိတ်မပူစေချင်တဲ့ကိစ္စတွေ အများကြီးရှိတယ်ဘေးဘေး ဒါပေမဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စကတော့ စိတ်ပူစေသင့်တယ်လို့ မလတ်ထင်တယ် ထားပါ ဒါတွေက ပြီးခဲ့ပါပြီ အခုဟိုကောင်နဲ့ ထပ်မတ်သတ်နဲ့တော့နော်" ဆိုပြီး မလတ်က ဆုံးမသည်။

Without YouWhere stories live. Discover now