Part-2

25.4K 1.4K 9
                                    

Without You
Part-2 (unicode)

စာမေးပွဲကာလကြီးကိုကျော်ဖြတ်ပြီးသွားပြီမို့ ဘေးဘေးတို့ လွတ်လပ်ရေးရနေလေသည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်က ၁ဝရက်တောင်ပေးတာမို့ သာသာယာယာပါပဲ။ဘေးဘေးတို့ နေတာက ပြင်ဦးလွင်မြို့ကလေးဆိုတော့ ဒီဇင်ဘာလမို့ ခိုက်ခိုက်တုန်အောင်အေးသည့်ဆောင်းနှင့် ဘေးဘေးအိပ်ယာနှင့် ကွက်တိဖြစ်နေသည်။ ချမ်းအေးတဲ့ ဆောင်းရာသီမနက်ခင်းမှာ စောစောမထရပဲ စောင်ပုံထဲ ကွေးနေရတဲ့ ဖီလင်က ဘာနဲ့မှ မလဲနိုင်ပါ။

အိပ်ယာကနိုးနေပြီဆိုပေမဲ့ မနက်ရနာရီမို့ မိုးတော့လင်းနေပါပြီ ဒါပေမဲ့ ကျောင်းပိတ်ရက်ပထမဆုံးနေ့မို့ ဘေးဘေးတစ်ယောက်မထသေးပါ။မေမေကလည်း စာမေးပွဲပြီးနားရက်ဆိုတော့ ဘာမှမပြောပဲလွှတ်ထားတာသည်လေ မဟုတ်ရင် "ဘေးဘေး ဘယ်အချိန်ရှိနေပြီလဲ ကျောင်းမသွားသေးဘူးလား မထသေးဘူးလား" ဆိုပြီး အသံစုံမြည်နေမှာကိုး ကိုယ့်အတွေးနဲ့ကိုယ်သာသာယာယာပဲ ဆက်မှိန်းနေမိစဉ်

" ဟေ့ရောင် ငဘေး မထသေးဘူးလား ...ငဘေး ထတော့ အားကစားသွားလုပ်ကြရအောင်" ဟင် ဘာလဲ ဘာအသံကြီးလဲဆိုပြီးလန့်သွားမိသည်။ ဘေးဘေးအခန်းက လမ်းမနှင့်အနီးဆုံးမို့ အပြင်ကနေအော်ခေါ်သည်နှင့်ကြားရသည်လေ။ ရုတ်တရတ် ခေါင်းထဲဝင်လာသည်က သွားပြီ ငါ့ဘဝတော့ ဂြိုလ်ဆိုးဝင်ပြီ အိပ်ယာအောက်ရေဝင်တာထက်ဆိုးပြီပဲ မဖြစ်ဘူး မကြားချင်ယောင်ဆောင်ပြီး ဆက်အိပ်နေမှပါ တစ်ယောက်တည်း စိတ်ထဲမှ ရေရွတ်ရင်း စောင်ကို ခေါင်းထိဆွဲခြုံပြီး နားပိတ်ပြီးအိပ်နေလိုက်သည် ဘယ်ရမလဲ ဘေးဘေးပဲဟာ ...

"အန်တီနု ဘေးဘေးရှိလား"ဟော အောက်ထပ်က အသံကြားတယ် ဒင်းအိမ်ထဲဝင်လာပြီထင်တယ်..

"ရှိတယ်သားသု ကျောင်းပိတ်တော့ အခုထိ အပေါ်မှာအိပ်နေတုန်း အခုထိမထသေးဘူးလေ"မေမေ့ပြောသံပြန်ကြားလိုက်ရသည်။

"ဟုတ်လား သားက မနက်စောစောလေ့ကျင့်ခန်းလုပ်ရအောင်လာခေါ်တာ ဆောင်းတွင်းဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်းလေးဘာလေး လုပ်မလားလို့ပါ"

ကျောင်းပိတ်ရက်ဆ်ို နေဖင်ထိုးမှ အိပ်ယာထတတ်သည့် ကိုသုက မနက်စောစော လေ့ကျင့်ခန်းလုပ်မယ် ဆိုတော့ ဟင် ငါ အိပ်ချင်မူးတူးနဲ့ နားကြားများမှားသလား ဆိုပြီး မျက်နှာကို လက်ဖဝါးလေးဖြင့် ခပ်ဆတ်ဆတ်ရိုက်မိသည်အထိပဲ။ ဒင်းက လေ့ကျင့်ခန်းလုပ်မယ် စက်ဘီးတောင် ငါတင်နင်းနေရတဲ့ကောင်ကများ မလိုက်ဘူး မလိုက်ဘူး ဘလိုနေနေဆိုပြီး စိတ်ထဲက ကျိန်ဆဲမိလေသည်။

Without YouWhere stories live. Discover now