Part-15(Season-2)

27.7K 1.1K 173
                                    

Without You
Season-2, Part-15 (unicode)

ဒီနေ့တစ်မနက်ခင်းလုံး ဘေးဘေးတစ်ယောက် အလွန်ပျော်ရွှင်နေခဲ့သည်။ မနက်အစောကြီးထကာ စိတ်လိုလက်ရ အပြင်သွားဖို့ ပြင်ဆင်နေခဲ့သည်။ အဖြူရောင်ဆွယ်တာလေးရယ် ဂျင်းဘောင်းဘီရှည် အပြာရင့်ရောင်လေးနှင့် ဘေးဘေးပုံစံမှာ ချစ်စရာ ယုန်ဖြူကလေးလိုဖြစ်နေသည်။

ယုန်ဖြူကလေးနှင့်တူပါသည်ဆိုမှ အဖြူရောင် အမွှေးပွဦးထုပ်ပင်ဆောင်းလိုက်သေးသည့်သူ့ကို ကိုသု အူယားလာသည်နှင့်တူသည် အနောက်နေဖက်ပြီး လည်ပင်းသားနုနုကို ဖွဖွလေးကိုက်လေသည်။

ထို့နောက်ပြောသေးသည် " ဘေးဘေး အဲ့လောက်ချစ်စရာ မကောင်းနဲ့ကွာ ငါသဝန်တို စိတ်မချဖြစ်ပြီး ရူးတော့မယ်"တဲ့။ ကိုသုကရော ဘာထူးလဲ ဘေးဘေးနှင့်အထက်အောက် ဆင်တူဝတ်ထားပြီး ကိုရီးယားမင်းသားတွေလိုရှင်းသန့်ပြီးချောနေတာ အမှန်ပဲလေ။

နှစ်ယောက်သား လက်ချင်းချိတ်ပြီးထွက်လာခဲ့တော့ မေမေတို့က ပြုံးပြီးကြည့်နေကြသည်။ ကားပေါ်ရောက်တော့ ကိုသုက

"ကဲ ကျွန်တော်မျိုးရဲ့ အရှင်သခင်လေး ဘယ်များသွားချင်ပါသလဲ မနက်စာကို ဘာများသုံးဆောင်ချင်ပါသလဲ ခင်ဗျာ"ဆိုပြီး ရွှတ်နောက်နောက်ပြောလေသည်။

ဘေးဘေးလည်း ဘယ်ရမလဲ နှုတ်ခမ်းကို လက်ညှိုးလေးဖြင့် ခပ်ဖွဖွထောက်ရင်း "မနက်စာကို ရှမ်းခေါက်ဆွဲစားချင်တယ် ပြီးရင် ဘုရားသွားမယ် ငယ်ကျွန်ကြီး"ဆိုပြီး ပြန်စလျှင် ကိုသု မျက်နှာ ဘေးဘေးအနားကပ်လာပြီး

"ကိုယ်က မင်းအတွက်တော့ မင်းအချစ်မှာ ကျရှုံးနေတဲ့ ကျေးကျွန်တစ်ယောက်ပါကွာ သခင်လေးရဲ့ ပါးလေးကို ကျွန်တော်မျိုးကို ပေးနမ်းရင် ဒီတစ်သက်သေပျော်ပါပြီ"ဆိုပြီး ပြန်စနေ၍ လက်ဖြင့်တွန်းလွှတ်လိုက်ရသေးသည်။

သည်လိုနှင့် ရှမ်းခေါက်ဆွဲစားဖို့မြို့ထဲက ဆိုင်တစ်ဆိုင်ကို ထွက်လာခဲ့ကြသည်။ဒီဆိုင်က ကိုသုနှင့်ဘေးဘေး ဟိုးကလေးဘဝကတည်းက စားနေကြဆိုင် ရှမ်းခေါက်ဆွဲစားနေရင်း ကိုသုလည်း ငယ်ဘဝအမှတ်တရတွေ ပြန်သတိရသွားသည်နှင့်တူသည် ဘေးဘေးလက်ကလေးကို လာဆုပ်ကိုင်လေသည်။

Without YouDove le storie prendono vita. Scoprilo ora