Part-8(Season-2)

11.6K 798 51
                                    

Without You
Season-2, Part-8(unicode)

ဒီရက်ပိုင်း ဘာလုပ်လုပ် အဆင်မပြေဖြစ်နေသည်။ ခါတိုင်းအလုပ်တွေ အဆင်မပြေဖြစ်နေလျှင် အနားမှာ နေပြီး အကြံဉာဏ်ပေးတတ်တဲ့ ဘေးဘေးမရှိတော့ ဘဝက ဟာနေသည်။ ဘေးဘေးရာ အခုဆိုရင် ရက်တွေကြာနေပြီကွာ မင်းဘယ်ဆီကိုရောက်နေလဲကွာ ငါစိတ်ပူလွန်းလို့ရူးတော့မယ်။

ဘေးဘေး အကြောင်း လူတွေလွှတ်ပြီးစုံစမ်းခိုင်းထားသော်လည်း အကြောင်းတစ်စုံတစ်ရာ မကြားရ။ တစ်နေရာရာမှာ တစ်ခုခုများဖြစ်နေမလားဆိုတဲ့ အတွေးက သူ့ကိုရင်မောစေသည်။ မင်းမရှိတော့ရင် ငါဘယ်လို စိတ်နဲ့ အသက်ရှင်ရမလဲကွာ။

ဘေးဘေး အိမ်ကထွက်သွားကတည်းက စိုနှင့်လည်း အဆင်မပြေ။ အဆင်မပြေဆို သူဆက်ပြီး မပတ်သတ်ချင်တော့တာလည်းပါသည်။ မပတ်သတ်လို့လည်းမဖြစ် စိုက ပါတနာလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သမီး။ စို့အဖေက သူ့လုပ်ငန်းတွေမှာ ရှယ်ယာတော်တော်များများထည့်ပေးခဲ့လို့ သူဒီနေရာထိ ရောက်လာခဲ့တာ။ အပေါင်းအသင်းမိတ်ဆွေတွေ မြှောက်ပေးလို့သာ စို့ကို သူလိုက်ခဲ့မိပေမဲ့ တကယ်တမ်းဘေးဘေး အနားမှာလည်းမရှိရော အဲ့ဒီစိတ်တွေက အကုန်ပျောက်ကုန်သည်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့ဒီလူ အနားမှာမရှိမှ သိရသလိုပဲ မင်းက ငါ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် အရေးပါတယ်ဘေးဘေးရာ။

ငါ စိုနဲ့ လက်ထပ်ဖို့ စိတ်ကူးခဲ့ပေမဲ့ မင်းကို ငါ့မျက်စိရှေ့မှာပဲ ထားချင်မိခဲ့တာပါ။ နောက်ဆုံး ငါစ်ိုနဲ့လက်ထပ်ခဲ့ရင်တောင် မင်းက ငါ့ဘေးမှာရှိနေဦးမယ် ငါတို့အရင်လို သူငယ်ချင်းတွေအနေနဲ့ မင်းငါ့အနားမှာပဲရှိနေဦးမယ်ထင်ခဲ့မိတာ။ အခုလို မင်းစိတ်နာပြီး ထွက်သွားတာ ငါမခံစားနိုင်ဘူး။

ထိုစဉ် အတွင်းရေးမှူးကောင်မလေး အခန်းထဲဝင်လာပြီး

"ဘော့စ် အပြင်မှာ ဧည့်သည်ရောက်နေပါတယ်"

"ဘယ်သူလဲ အပွိုင့်မန့်ယူထားလား"

"မယူထားဘူးဘော့စ် အန်တီကြီးတစ်ယောက်ပဲ "

"အင်းအင်း ဝင်ခိုင်းလိုက်အဲ့တာဆို"

Without YouKde žijí příběhy. Začni objevovat