Part-23

12.3K 880 7
                                    

Without You
Part-23(unicode)

ဘာလိုလိုနဲ့ ဆယ်တန်းအဆောင်တောင်ရောက်လာခဲ့ပြီးကျောင်းတွေတောင်ပြန်ဖွင့်နေပြီ။ဒီတက္ကသိုလ်ဝင်တန်းကြီးပြီးရင်တော့ တက္ကသိုလ်ဆိုတာကြီးကို စတင်ထိတွေ့ရတော့မယ်။ ကိုသုရော ဘေးဘေးပါ မိဘတွေက ဘော်ဒါ အပ်ထားတာဆိုတော့ အခု ဆယ်တန်းထိလည်းအတူတူပါပဲ။

ဘော်ဒါဝင်သည့်နေ့က ကိုမြတ်လာနှုတ်ဆက်သည် သူရန်ကုန်ကိုသွားတော့မည်တဲ့ ရန်ကုန်မှာပဲ ကျောင်းဆက်တတ်ပြီး ရန်ကုန်မှာပဲ တက္ကသိုလ်ဆက်တတ်ဖို့များသည်ဆိုပြီး ဘေးဘေးကို လာနှုတ်ဆက်ရှာသည်။ သွားခါနီး တုန်းက သူ့ရန်ကုန်လိပ်စာနဲ့ ဖုန်းနံပါတ်ကို စာရွက်ကလေးနှင့် ရေးပေးသွားပေမဲ့ ကိုသုတွေ့ပြီး ဖြဲပစ်လိုက်တာမို့ စာတောင်ရေးခွင့်မရခဲ့။

ကိုမြတ်ကတော့ ဘေးဘေးဆီကို စာစရေးမည်ဆိုတာတော့ သိပ်မသေချာ။ အဲ့ဒီနေ့ကပင် ကိုသုက ကိုမြတ်ကို ကြိမ်းဝါးခဲ့တာဆိုတော့ ကိုမြတ်ကတော့ စာရေးမည်မဟုတ်တာတော့ သေချာသလောက်ပင်ရှိသည်။

အတွေးများဖြင့် နစ်မွန်းနေခိုက် "ဘေးဘေး ဘာလုပ်နေတာလဲ ရေချိူးရမဲ့ အချ်ိန်ရောက်နေပြီ"ဆိုသည့် အသံကြား၍ လှည့်ကြညိ့လိုက်တော့ ကိုသု

"ဘာမှမဟုတ်ပါဘူး ညနေက ဆရာမသင်သွားတဲ့ သချာင်္ပုစ္ဆာ"အကြောင်းစဉ်းစားနေတာပါဟု လိမ်ပြောလိုက်ရသည်။ကိုမြတ်အကြောင်းတွေးနေတာသိသွားရင် ပြဿနာဖြစ်ရမှာ အသေအချာပဲမို့ ဘာမှမပြောတော့ပဲ ရေချိုးဖို့ ပြင်ဆင်လိုက်ရလေသည်။

ရေချိုးပြီးသွားလျှင် ညစားစားပြီး Studyဝင်ဖို့ အချိန်ရောက်လာ၍ မိုးလေးဖွဲဖွဲကျနေသော ပြင်ဦးလွင်ည၏ အအေးဒဏ်ကို အကျီလက်ရှည်ဖြင့် အံတုရင်း studyထိုင်ဖို့ထွက်လာခဲ့လေသည်။

ဘေးဘေးနှင့်ကိုသု တတ်သည် ဘော်ဒါက ပြင်ဦးလွင်မြို့မှာ အောင်ချက်အကောင်းဆုံးနှင့် နာမည်အကြီးဆုံးဘော်ဒါဆောင်ပါ။ နေ့ခင်းဘက်ဆို အစိုးရအထက်တန်းကျောင်းမှာစာသင်ရပြီး ညဘက်ဆိုရင်ဘော်ဒါမှာ စာပြန်သင်ရတာမို့ ကျောင်းစာရော ဘော်ဒါက စာရောပါ ရောထွေးပြီးလုံးပမ်းနေကြရတာပါ။

Without YouWhere stories live. Discover now