Part-13(Season-2)

12.7K 773 23
                                    

Without You
Season-2,Part-13 (unicode)

ကုတင်ပေါ်မှာအောက်ဆီဂျင်ပိုက်တွေနှင့် အိပ်ပျော်နေသော ဘေးဘေးကို သူအရမ်းသနားမိသည်။ သူ့ဘဝတစ်လျှောက်လုံး သူ့အနားမှာနေပေးပြီး အမြဲအပြုံးတစ်ချက်မပျက်ခဲ့တဲ့သူ။ သူအနိုင်ကျင့်သမျှ မညည်းမညူ အလိုရှိတာ မှန်သမျှ ဖြည့်ဆည်းပေးခဲ့တဲ့သူ။

အတိတ်က ဖြစ်ရပ်တွေကို ပြန်တွေးရင်း သူမျက်ရည်ကျမိသည်။ အားလုံးက သူ့ကို မုန်းနိုင်သည် သူမှားခဲ့သည်ပဲ မုန်းပါ အဲ့သည်ဒဏ်တွေကို သူခံနိုင်သည်။ ဒါပေမဲ့ ဘေးဘေးတော့ သူ့ကို မမုန်းစေချင်ဘူး အမြဲတမ်း ဘေးဘေးအချစ်တွေနှင့်အကျင့်သားရနေသည်မို့ထင်သည် ဘေးဘေးမုန်းမှာသူသေမတတ်ကြောက်သည်။

ဘေးဘေး လဲမကျသွားခင်က သူ့ကိုကြည့်တဲ့အကြည့်တွေက သူနှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သည့်အကြည့်တွေမဟုတ်ပဲ နာကြည်းရိပ်တွေပါနေတာ သူပဲသိသည်။ ဘေးဘေးရယ် မင်းငါ့ကိုမမုန်းပါနဲ့လားကွာဟု တီးတိုးရေရွတ်ရင်း ဘေးဘေးလက်ကလေးကို ကိုင်ကာ သူမျက်နှာနှင့် အပ်ပြီးလက်ပေါ် မျက်နှာကို မှောက်ထားမိသည်။

ကျေးဇူးပြုပြီး ပြန်နိုးပါတော့ကွာ...ငါတောင်းပန်ပါတယ် ပြန်နိုးထပါတော့ဘေးဘေးရာ သူစိတ်ထဲမှပင်ရေရရွတ်မိသည်။ခုဏတုန်းက ဆရာဝန်ကြီးတွေက သူ့ကိုခေါ်တွေ့သည် ဘေးဘေးရောဂါက အစားထိုးလို့ပင်မရနိုင်တော့တာမို့ သူ့ရဲ့ကျန်ရှိနေသည့် သက်တမ်းတစ်လျှောက်ကို စိတ်ချမ်းသာစွာနှင့်ပဲ ကုန်ဆုံးပါစေလားဆိုပြီး ပြောသည့်အချိန် သူဆောက်တည်ရာမရ ငိုကြွေးပြီးခဲ့ပြီးပြီ။

နံရံတွေကို နာကျည်းစွာ ထိုးထား၍ သူ့လက်တွေလည်း သွေးချင်းနီနေသဖြင့် မြတ်လင်းဉာဏ်က ပတ်တီးစည်းပေးထားရသည်။ ဘေးဘေးအိမ်က ရောက်လာပြီး မလတ်က နှစ်ပြားမတန်အောင်ပြောဆိုမှုတွေကိုလည်း ခံခဲ့ရသည်ဒါပေမဲ့သူခံနိုင်သည်။ သူ မလတ်တို့ မေမေနုတို့ စိတ်ကျေနပ်အောင် ဒူးထောက်ပြီး ခြေသလုံးဖက်တောင်းပန်ပြီးပြီ။

ဘေးဘေးရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး သူ ဘေးဘေးအနားမှာရှိနေခွင့်တောင်းခဲ့ပေမဲ့ မေမေနုတို့ကတော့ သူ့ကို ဘေးဘေးအနားမှာမရှိစေလိုတာကြောင့် ငြင်းဆန်ခဲ့သည်။ မလတ်ပြောသည့် စကားတစ်ခွန်းကြောင့်သာ ခွင့်ပြုခဲ့ခြင်းပင်ဖြစ်သည်။ ထိုစကားကြားကြားခြင်း သူအတိုင်းမသိပျော်ခဲ့သည်။

Without YouWhere stories live. Discover now