Part-1 (Season-2)

15.6K 871 24
                                    



Without You
Season -2 , Part-1 (unicode)

အိမ်နံရံမှာချိတ်ဆွဲထားသော ပုံများကို သန့်ရှင်းရေးလုပ်ရင်း ဘေးဘေးတစ်ယောက်ပြုံးနေမိသည်။ အခုဆို ဘေးဘေး အသက်ပင် ၂၅ပြည့်တော့မည်။ ဟိုးငယ်ငယ်လေးကတည်းက ရိုက်လာတဲ့နှစ်ယောက်တွဲပုံတွေ၊ ကိုးတန်း ဆယ်တန်း ကာလကပုံတွေ၊ တက္ကသိုလ် တတ်နေစဉ်ပုံတွေ၊ နောက်ပြီး ဘေးဘေးတို့ မင်္ဂလာပွဲက ပုံတွေ တကယ့်ကို အမှတ်တရတွေ အများကြီးပါပဲလား။

ဓာတ်ပုံများကို သန့်ရှင်းရေးလုပ်နေရင်း ဖြတ်ခနဲတွေးမိသည်က နောက်လဆိုလျှင် ဘေးဘေးတို့ ချစ်သူသက်တမ်းပင် ဆယ်နှစ်ပြည့်တော့မှာပါလား အချိန်တွေကုန်တာမြန်လိုက်တာ။ အတိအလင်း စတွဲခဲ့ကြတာ သီတင်းကျွတ်လပြည့်နေ့မှဆိုတော့ အဲ့သည်ရက်ကိုပဲ Anniversary Date သတ်မှတ်ခဲ့ကြတာပဲ။

ဒါနဲ့ အခုတလော ကိုသု အိမ်ပြန်တာနောက်ကျတယ်။ အလုပ်တွေ မပြီးပြတ်သေးလို့လား မသိဘူး အမြဲတမ်း အပြင်မှာပဲ ထမင်းစားလာတာတွေ များတယ်။ ကိုသုက နှစ်ဦးသဘောတူ လက်ထပ်ပွဲလေးလုပ်ပြီး အတူတူ နေပါသည်ဆိုကတည်းက သူပဲ ဒိုင်ခံ စီးပွားရှာပြီး ဘေးဘေးကို အမြဲငဲ့တတ်သူမို့ ဘေးဘေးအလုပ်က သူကြိုက်တတ်တာလေးတွေချက်ပြီး သူ့ပြန်အလာကို စောင့်ယုံအပြင် တစ်ခြားတော့မရှိပါဘူူး။

မေမေတို့နှစ်ဖက်လုံးက သဘောမတူကြတာမို့ ဘေးဘေးတို့နှစ်ယောက်စလုံးကို အခုထိ အဆက်အသွယ်မလုပ်တာပင်ကြာနေပါပြီ။ ကိုသုကလည်း နဂိုကတည်းက စီမံကိန်းနှင့်သူဆိုတော့ ဆယ်တန်းပြီးကတည်းက အဝေးသင်တတ်ပြီး အပြင်စီးပွားရေးကို လုပ်ခဲ့တာပါ။

ဘွဲ့ရတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသင့်အတင့်လေးရှိတဲ့ လုပ်ငန်းရှင်ပေါက်စဖြစ်နေပြီ။ ဘာလုပ်လုပ် အောင်မြင်နေတာမို့ ကိုသုတစ်ယောက်ကို ဘယ်သူမှ ထိန်းမရ။ ဘေးဘေးကိုလည်း စိတ်မချဟု ဆိုကာ တစ်ခြားတက္ကသိုလ် ပေးမတတ်ပဲ အဝေးသင်ပဲ သူနဲ့အတူယူစေခဲ့တာပါ။

ကိုယ့်မှာလည်း သူ့ကြောင့် တက္ကသိုလ်ရဲ့ အနှစ်အရသာလည်း မသိလိုက်ရ။ ဆယ်တန်းကို နှစ်ယောက်လုံး ဂုဏ်ထူးတွေ အများကြီးဖြင့် အောင်ပါရက်နဲ့ ကိုယ်တတ်ချင်တဲ့ တက္ကသိုလ်လည်း မတတ်ရ။ အဝေးသင်တောင် မေဂျာတူတူ ယူခိုင်းပြီး သူသွားသမျှ လိုက်ရပြီး သူငယ်ချင်းလည်း မထားရ ပြန်တွေးကြည့်ရင်စိတ်ညစ်စရာကြီး။

Without YouWhere stories live. Discover now