Part-22

11.9K 877 9
                                    

Without You
Part-22 (unicode)

ကိုသု အခန်းနှင့် ဘေးဘေး အခန်းက ဘေးဘေးတို့ အိမ်မှာလိုပဲ ကပ်ရပ်။ ငယ်ငယ်ကတည်းက မွေးစားထားသလို ဖြစ်နေကြတော့ အိမ်နှစ်အိမ်မှာ အခန်းနှစ်ခန်းရှိတာမဆန်း။ ကိုသုတို့က ဘေးဘေးတို့ထက်ပိုပြီး ပြေလည်သည်ထက် အတော်ပင်စီးပွားရေးတောင့်တင်းသည်ဟု ပြောလို့ရပါသည်ပါသည်။

ဘေးဘေးတို့လည်း ကိုသုတို့လောက် အရှိကြီး မဟုတ်ပေမဲ့ ပြေလည်သည်ဟုပင်ပြောရမည်။ အိမ်မှာ မမကြီးတို့ မမလေးတို့ အခန်းပါ ရှိသည်။ မမကြီးက ယောက်ျားရပြီး မန်းလေးမှာပဲနေသည်။ မမလေးက ရန်ကုန်မှာပဲ ကျောင်းတတ်ရင်း အနေများတော့ ကျောင်းပိတ်မှ တစ်ခါတစ်လေသာပြန်လာသည်။

က်ိုသု အခန်းရှေ့ကို ရောက်တော့ တံခါးခေါက်မိလိုက်သည်။ ဘာမှပြန်မထူး၍ ထပ်ခေါက်လိုက်လျှင် အထဲက ဘယ်သူလဲဆိုသော အသံက ကျားဟိန်းသံလိုပဲ ကြောက်စရာကြီးမို့ ရုတ်တရတ်ပြန်ပြင်မထူး၍။ ဘယ်သူလဲလို့မေးနေတာ ပါးစပ်မပါဘူးလား အသံနှင့်အတူ တံခါးပွင့်သွားပြီး ဘေးဘေးကို မြင်လျှင် မျက်ခုံးတွေ တွန့်ချိုးသွားပြီး

"မင်းက အိမ်ကို ဘာလာလုပ်တာလဲ "ဆိုပြီး မေးသည်။

"အိမ်မှာ အုန်းနို့ခေါက်ဆွဲချက်လို့ မေမေက သွားပို့ဆိုလို့လာပို့တာ " ဟုဆိုတော့

"ပို့ပြီးပြီမလား ဒါဆိုပြန်တော့လေ ငါ့အခန်းဘာလာလုပ်တာလဲ သွားတော့"ဆ်ိုပြီး တံခါး ပိတ်ဖို့ ပြင်တောလ ကမန်းကတန်း တံခါးကို ပိတ်မသွားအောင် တွန်းလိုက်ရသည်။

"ဘာလဲ မပြန်သေးဘူးလား"ဆ်ိုပြီး ပြန်လှည့်ကြည့်သည်။

"ကိုသု ငါ့ကို စိတ်ဆိုးနေတာလား"ဆိုတော့

"မဆိုးပါဘူးကွာ မင်းက ငါနဲ့ဘာဆိုင်လို့ ဆိုးရမှာလဲ" ဆိုပြီး မျက်နှာကို မဲ့ပြီးပြောတော့ စိတ်ထဲဆစ်ခနဲ နာကျင်မိသည်။ ဒါပေမဲ့ သည်းခံလိုက်ပြီး

"တကယ်သေချာလား တကယ်မဆိုင်ဘူးလား"ဆိုပြီး မေးမိသည်။

"မင်းအုန်းနို့ခေါက်ဆွဲ ပို့ရမဲ့အိမ်မှားနေတယ်ထင်တယ်"ဆ်ုပြီး ထပ်ခနဲ့လေသည်။

Without YouWhere stories live. Discover now