Part-15

13.4K 930 1
                                    

Without You
Part-15 (unicode)

ခေါင်းငိုက်စိုက်ပြီး စိတ်နှင့်လူနှင့်မကပ်သလို လမ်းလျှောက်လာသော သူ့ကို တစ်စုံတစ်ယောက်က "ဟေ့ကောင် ကိုသု ဘယ်သွားမလို့လဲ"ဆိုပြီးတားမှ သေချာကြည့်မိတော့ သူရတို့ပါလား။

သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး "ငါစိတ်အရမ်းညစ်လာတယ်ကွာ ဒီနေ့ကျောင်းမတတ်ချင်ဘူး လစ်ရအောင်"ဆိုပြီးပြောမိသည်။

"ကျောင်းမတတ်ချင်လောက်တဲ့ အထိ ညစ်လာရအောင် ဘာကိစ္စလဲ ငါတို့ကိုပြောစမ်းပါဦး"

"ဘယ်သူရှိရမလဲ မြတ်သုတညီဆိုတဲ့ ဂျပုကောင်ပေါ့ ဟိုကောင် ရန်ကုန်သားရောက်လာမှ ငါ့ကို ဆက်ဆံတာမတူသလို မတန်သလိုနဲ့ အဲ့တာကို တင်းနေတာ"

"နေပါဦး မင်းနဲ့ဘေးဘေးနဲ့ ရန်ဖြစ်ကြပြန်ပြီလား။ ပြီးရင်လည်း တစ်ပါတ်နေရင် ပြန်ခေါ်မှာပဲကွာ အပိုတွေလုပ်နေတယ် "

"မတူဘူးကွ အဲ့တုန်းက ဟိုကောင်မရှိသေးဘူး။ အဲ့ဂျပုကောင် ခွေးပု ငဘေးက ငါ့ကို အခုမှပြန်ကိုက်တတ်တာ"ဆိုပြီး သူမကျေမနပ်ပြောမိလျှင် သူရတို့ကရယ်လေသည်။

"မင်းတို့မရယ်ကြနဲ့ကွာ ငါဒီနေ့ကျောင်းမတတ်ချင်ဘူး လစ်ချင်တယ် အဲ့တော့ မင်းတို့ငါ့နဲ့ လိုက်ခဲ့ကြ"

"အင်းပါကွာ သူငယ်ချင်းကြီးက အရမ်းဟတ်ထိနေတော့လည်းလိုက်လာရတာပေါ့ကွာ ကဲမင်းဘယ်သွားမလဲ မော့ချင်လား"ဆ်ိုပြီး လက်သီးဆုပ်ပြီး လက်မကို နှုတ်ခမ်းတေ့မော့ဟန်လုပ်ပြလေသည်။

"ဘာလဲ အရက်လား "ဆိုပြီး မေးမိတော့

"ဘီယာပါကွာ အရက်လောက်မဆိုးပါဘူး မင်းညစ်နေတာတွေ ပျောက်သွားမယ်ဘယ်လိုလဲ ဆိုင်က ဝယ်ပြီး ငါတို့ အိ်မ်မှာမော့ကြတာပေါ့"

"အိုကေ" အားလုံးသဘောတူညီချက်ရပြီး သူရတို့ အိမ်ကို လစ်ခဲ့ကြသည်။ သူရတို့ အိမ်ရောက်တော့ အိမ်က ခိုင်းတဲ့ အမကြီးကို ဘီယာဝယ်ခိုင်းပြီး အာလူးကြော် ကြက်သားကြော် အမြည်းနှင့်မြည်းကြလေသည်။

စိတ်တွေအရမ်းညစ်နေတာမို့ တစ်နေကုန်သောက်လိုက် မူးလိုက် "မြတ်သုတညီ မင်းတွေ့မယ်"ကြိမ်းဝါးလိုက်၊ မူးပြီး အိပ်ပျော်သွားလိုက်၊ အိပ်ယာက ထလျှင်ပြန်သောက်လိုက်ဖြင့် တစ်နေကုန်လို့ ကုန်မှန်းမသိ ညပင်မိုးချုပ်သွားသည်။

Without YouWhere stories live. Discover now