Intro

50.2K 1K 10
                                        

Zawgyi font နဲ့ Final ထိပြီးတာနဲ့
Unicode ပါ။
Unicode သမားတွေက အောက်ကိုသာ ဆွဲချသွားပါနော်

ဆေးတက္ကသို​လ်​ တစ်​ခုလုံး၏ King
နက်​​မှောင်​လှ​သော ဆံနွယ်
အဘက်​ဘက်​ကကြည့်​ရင်​ အပြစ်​ရှာမရ​အောင်
ပြေပြစ်​တဲ့ မျက်​နှာသွင်​ပြင်
ယောက်ျားတစ်​​ယောက်​ရှိသင့်​တဲ့အရပ်​အ​မောင်း
ခန္ဓာကိုယ်​ ဆိုတာလဲ​တောင့်​​တောင့်​တင်းတင်း
ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်
သူ့နာမည်​ Kim Taehyung
ချမ်းသာတဲ့မိသားစုအသိုင်းဝိုင်းက
ထပ်​ကွန့်​ရလျှင်​ ဆရာဝန်​မျိုးရိုး
မာနအလွန်​ကြီးတယ်
တော်​ရုံတန်​ရုံအ​ပေါင်းသင်းမလုပ်​ဘူး
သူကသာအဖတ်​မလုပ်​တာ သူ့ကိုဆို
လျစ်​လျူရှုတာမျိုး သ​ဘောမကျ
သူဆိုတာ သူများထက်​ တမူထူးတဲ့သူ
ပို​ချော ပိုလှ ပိုခန့်​တဲ့သူ မျိုးရိုးမြင့်​တဲ့သူ
သူ့ဂုဏ်​ဒြပ်​​တွေနဲ့ ဒီ​လောက်​​တော့မာနကြီးသင့်​သည်
မဟုတ်​ပါလား
အချစ်​ဆိုတာကို အယုံကြည်​မရှိသူ
သူ့အတွက်​က ဂုဏ်​ဒြပ်​ သိက္ခာ​တွေသာ
အ​ရေးကြီးသည်
ဘယ်​အရာကိုမှ အရှုံးမ​ပေးခဲ့ဘူး
ဘယ်​ကိစ္စနဲ့မှ ကိုယ့်​အ​ပေါ်
သေး​သေး​လေးတင်​​မခံသူ
သူ့အချစ်​ သူ့ဂုဏ်​ဒြပ်​ သူ့ခန္ဓာ
အိုရ်​ သူနဲ့ပတ်​သက်​တာအကုန်
လိုချင်​သူ​တွေ ​မိန်းမ ​ယောက်ျား အကုန်
အကုန်​နင်း​ခြေပြစ်​လာတဲ့သူ
သူ ဆိုတဲ့ Kim Tae Hyung ဆိုတာ
ထိုကဲ့သို့ လူမျိုး.....

******************

အသားဖြူဖြူ အရပ်​မြင့်​မြင့်
သူ့စိတ်​ဓာတ်​​လေးက သူ့ရုပ်​ရည်​​လေးအတိုင်း
ချစ်​ဖို့​ကောင်းတယ်​ ဖြူစင်​လွန်းတယ်
ဥစ္စာ​ပေါ ရုပ်​​ချော သူ့အနားမှာ
ကောင်​မ​လေး​တွေထက်​ သမီးရှင်​​တွေက
ဝိုင်းဝိုင်းလည်
သူငယ်​ချင်း​တွေက​တောင်​ စ​နောက်​ပြီး​ပေးထားတဲ့
Nickname ' ဝိုင်းရံချစ်​ '
Manly ဆန်​တာသ​ဘောကျတဲ့သူ
Manly ဆန်​ဆန်​​နေတတ်​တဲ့သူ
ထို nickname ကို သူ့အ​နေနဲ့
နည်းနည်း​တော့ချဉ်​မိသည်
သူ့မှာ အရမ်းကို ရွှန်းရွှန်းလဲ့​တောက်​ပ​နေတဲ့မျက်​လုံးမျက်​လုံး​လေး​တွေရှိတယ်
တစ်​ခါ​တွေ့ရုံနဲ့ အကြည့်​​တွေမလွှဲနိုင်​​တော့​အောင်
တောက်​ပလွန်းတဲ့ မျက်​လုံး​လေး​တွေ
သူ့အပြုံး​တွေက ချိုလွန်းတယ်​ လူချစ်​လူခင်​​ပေါတယ်
အ​ပေါင်းသင်းဆန့်​တယ်​ အဆင့်​တန်းလဲမခွဲ
သူဘာလို့ King မရတာလဲ?
ဒါ​တွေက ပကာသန
ဂုဏ်​ဆိုတာ သူ့အတွက်​မလိုဘူး
အပိုအလုပ်​​တွေပါ ဒါက
သူ့မှာချစ်​ရတဲ့သူတယ်​! သူအရမ်းချစ်​တာ.....
ချစ်​သူ သက်​တမ်း ငါနှစ်​​ကျော်​ရှိပြီး
ထိုသူ၏ နာမည်
Jeon Jungkook~

**************

သူမဆိုတာ Jeon Jungkook က
အရမ်းချစ်​ရတဲ့သူ
အသားညိုညက်​ညက်​​လေးဆို​ပေမယ့်
ခြောက်​​သွေ့​နေခြင်းမရှိ ​ပြေပြစ်​​ချော​မွေ့​နေတာမျိုး
ရုပ်​ရှည်​အတင့်​သင့်​သာရှိ​သော်​လည်း
နက်​​မှောင်​သန်​စွမ်းတဲ့ ဆံ​ကေသာအလှက
မည်​သူနှင့်​မျှ ယှဉ်​မရ
တင်​​လောက်​ရှိတဲ့ ထိုဆံ​ကေသာများနှင့်
အိ​နြေ္ဒရှင်​မ​လေး
ချည်​ဝတ်​စုံ​လေး​တွေကိုသာ နှစ်ခြိုက်​စွာ
ဝတ်​စားတတ်​သည်
ရိုးသားကြိုးစားလွန်းသူ သူမ
သူမမှာ သူမအ​မေ၊ Jeon jungkook နှင့်
သူမရဲ့ အတတ်​ပညာကလွဲရင်​ တခြားမရှိ
ဆင်းရဲလွန်း​သော်​လည်း သမီးအလိမ္မာ​လေးဖြစ်​ကာ
မိဘအ​ပေါ်လဲသိတတ်​သည်
မိခင်​မုဆိုးမနှင့်​ သမီးပျို​လေး နှစ်​​ယောက်​ထဲ
ကြိုးစားရုန်းကန်​ရသည်​ကို
ချစ်​သူက ကူညီ​ထောက်​ပံ့သည်​ကိုလဲ လက်​မခံ
သူမလိပ်​ပြာ သန့်​ချင်​သည်​​လေ
ပတ်​ဝန်းကျင်​က ထိုးနှက်​မှုကိုလဲ
သူမ မခံနိုင်​ပါ
သူမ နာမည်​ Imn Bora~

*********

!!

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontМесто, где живут истории. Откройте их для себя