ကျောင်းဝင်းထဲဝင်လာသော ကောင်လေးသုံးယောက်
နေမင်းကြီး ၃စင်း တောက်ထွန်းနေသည့်အလား
အပျိုသညာလေးများရဲ့အကြည့်တွေအားလုံးကို
သိမ်းပိုက်ထားတဲ့ သူတို့သုံးယောက်
Park Jimin
Kim Taehyung
Jung Hoseok~
တစ်နည်းပြောရရင်ငယ်ပေါင်းတွေပေါ့
တူညီတဲ့ ပတ်ဝန်းကျင်က ဆင်းသက်လာတဲ့
မင်းသား ၃ပါးလို
အပြုံးချိုချိုလေးတွေကို အမြဲချိတ်ဆွဲထားတဲ့တတ်တဲ့
Angle လေး Park Jimin
ခပ်တည်တည် ခပ်တန်းတန်း ခပ်ချေချေသာနေသော်လည်း ပျိုမဒီတို့ရဲ့ အသည်းတွေ
Kim Taehyung ကြောင့် မြေခခဲ့ရတာချည်း
အရာရာကို အကောင်းဘက်ကသာတွေးနေတတ်တဲ့
Sunshine လေး Jung Hoseok
Taehyung ဆိုတဲ့သူဆီက attention
အများဆုံးရတဲ့သူပေါ့
လူတွေက သူတို့သုံးယောက်ရဲ့ friendship ကို ဘယ်လိုမှနားလည်နိုင်မှာမဟုတ်ဘူး
Jimin နှင့် Hoseok က စရိုက်တွေတူပေမယ့်
Taehyung နှင့်က လုံးဝကွဲပြားနေတာလေ
သူတို့သုံးယောက်ကို အမျိုးမျိုး ခွဲထုတ်ကြတယ်
သို့သော်မရ! တော်ရုံတန်ရုံ friendship မျိုးမှ မဟုတ်ဘဲကိုး.....
ဘယ်သူတွေဘယ်လိုပြောပြော ကျန်နှစ်ယောက်က
ပြုံးသာပြုံးပြနေသော်လည်း
Taehyung ဆိုသည်မှာ သိသည့်အတိုင်း
အဖတ်ကိုမလုပ်တာမျိုး.......
Jimin - တစ်ခါတစ်လေကျ စိတ်ရှုပ်မိတယ်
ငါတို့ဆိုတာလဲ သာမန်လူပါဘဲ အ့လောက်ထိကြည့်စရာမှမလိုတာ ငါတို့ကို ပုံမှန်လူလိုဘဲ
သဘောထားပေးရင် ကောင်းမယ်
Hoseok - ငါဆိုနေသားတောင်ကျနေပီ စိတ်ထဲမထားပါနဲ့ သူတို့ကြည့်တာကို မကြည့်ပါနဲ့လို့ သွားတားလို့မရတာကို ထားလိုက်ပါကွာ စိတ်ရှုပ်မခံနဲ့
Taehyung ကတော့ တုတ်တုတ်မျှမလှုပ်
ပြောနေသည်ကိုလဲ စိတ်ဝင်စားပုံမပြ
တစ်ခွန်းမှလဲ ဝင်ပြောခြင်းမရှိ
ကြားတောင်ကြားပါ့မလား
သူ့လက်ထဲက မုန့်ထုတ်လေးကိုတစ်လှည့်
သူ့လက်ချောင်းလေးတွေကို တစ်လှည့်
နေထိုးနေသောကြောင့် မြေပေါ်မှ ထင်းနေသော
အရိပ်ကိုတစ်လှည့် ကြည့်ရင်း သူ့ဟာသူ
တစ်ယောက်ထဲ အလုပ်တွေရှုပ်လိုရှုပ်နှင့်
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
