Part 10

8.4K 634 22
                                        

" ​ခေါင်း​တွေကိုက်​ချက်​ဘဲ "

ရုတ်​တရက်​ကြီး alarm ထမြည်​တာ​ကြောင့်
လန့်​နိုးကာ ထထိုင်​မိသည်​။
နာရီကြည့်​​တော့ 8:30

"ညက alarm လဲမ​ပေးထားမိပါဘူး "

နည်းနည်းထပ်​အိပ်​ချင်​​သေးတာ
ညကလဲ နည်းနည်းများသွားတာ​ကြောင့်
လူက အရက်​နာကျ​နေသည်
သို့​သော်​ မထ၍ မရ
မျက်​နှာသစ်​ ​ရေမိုးချိုးကာ
အဝတ်​စား​ရွေးရန်​ အဝတ်​ဘီဒိုကိုဖွင့်​လိုက်​​တော့
မှန်​က​နေ မိမိ လည်​တိုင်​မှ အမှတ်​သားအား
မြင်​လိုက်​တာ​ကြောင့်

" JEON JUNGKOOK !!!!!!!!!!! "

Taehyung ရဲ့ ​အော်​သံ​ကိုကြားသည်​နှင့်
ဘာ​တွေဖြစ်​​နေပြီလဲဆိုတာ Jungkook လဲ
သိတာ​ကြောင့်
အခန်းထဲမှ ထွက်​အ​ပြေး
လှေကားသို့အ​ရောက်
သူ့အခန်းဝက​နေပြီး Taehyung မှ

" မင်း မ​ပြေးနဲ့ jungkook
မင်းအသားယူတာများပြီး "

Jungkook လဲ ဘာမှမစဉ်းစား​နေ​တော့ဘဲ ​အောက်​ထပ်​သို့ တစ်​ချိုးထဲ​ပြေး​တော့သည်
Taehyung မှာလဲ ​နောက်​မှ ကြိမ်းဝါးကာ လိုက်​လာသည်
Jungkook ခြံထဲ​ရောက်​သည်​အထိ
ပြေးလိုက်​လာ​သော taehyung
အ​ပေါ်အင်္ကျီမ​ပါတာ​ကြောင့်
Jungkook အရဲစွန့်​ကာ အနားကပ်​သွားလိုက်​ပြီး
Taehyung ကိုယ်​​လေးအား ဆွဲလှည့်​ကာ

" အထဲပြန်​ဝင်​ သူများ​တွေ့မယ်​ "

ရုတ်​တရက်​ဆိုသလို jungkook ရဲ့ လျင်​မြန်​တဲ့ လှုပ်​ရှားမှု​တွေ​ကြောင့်​ taehyung လဲ သူ၏ သန်​မာတဲ့လက်​​တွေကြားထဲ ပါသွားခဲ့ရသည်

" လွှတ်​!!!! ခုလွှတ်​ "

အိမ်​ထဲသို့​ရောက်​​တော့ Taehyung ရုန်း​တော့မှ သူလဲလွှတ်​​ပေးလိုက်​ကာ

" ဒါဘာလဲ ဒါဘာလဲ!!! မင်းကြည့်​စမ်း "

Jungkook ကလဲ မမြင်​ချင်​​ယောင်​​ဆောင်​ကာ
ဟိုကြည့်​ ဒီကြည့်​ဖြင့်

" ​ဟျောင့်​ အရူးကွက်​မနင်းနဲ့ ဒီကိုကြည့်​ "

မေးကို ကိုင်​ကာ Taehyung သူ့မျက်​နှာအား ဆွဲလှည့်​​တော့ လိုအပ်​သည်​ထက်​ကို ပိုတိုးကပ်​လာ​သော jungkook ​ကြောင့်​ Taehyung လဲ တစ်​ကိုယ်​လုံး ​အေးစက်​လာကာ ​ရေခဲရိုက်​ခံထားရသလို လှုပ်​မရဖြစ်​​နေသည်​ ပြီးမှ ရှက်​ရှက်​​နှင့်​ jungkook ​မေးကို ကိုင်​ထား​သော သူ့လက်​အား ပြန်​ဖြုတ်​ချကာ တစ်​ဖက်​သို့လှည့်​သွား​တော့
မျက်​နှာ​လေးအား အသာ​လေးဆွဲယူကာ အကြည့်​ချင်းဆုံ​စေသူက jungkook ရယ်​ပါ

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontDonde viven las historias. Descúbrelo ahora