" ဘာ .....ဘာ ဘာ ဘာ "
" ဘာဖစ်တာလဲ တ ဘာဘာနဲ့ အ သွားတာလား "
" ထပ်ပြောစမ်း "
" ကွာရှင်းမယ်လေ "
" ရဲရင် နောက်တစ်ခါ ထပ်ပြော "
Jungkook က Taehyung နားတိုးထိုင်ကာ ပြောလာတာကြောင့်~
" မင်းဘဲအရင်က ကွာရှင်းချင်ခဲ့တာမလား
ခု ငါခွင့်ပြုပြီလေ "
" Jungkook မင်း...... မင်း "
Taehyung ပါးကို အနမ်းခံလိုက်ရခြင်းကြောင့်ဖြစ်သည်။
" ဘာဖြစ်လဲ ရဲရင် ထပ်ပြော "
" ဘာဆိုင်လို့လဲ မင်းက ဘာကိစ္စ လာနမ်းရတာလဲ "
ဒီမေးခွန်းရဲ့ အဖြေကို Jungkook ကိုယ်တိုင်လဲ ဖြေမတတ်ပါ....
Taehyung တစ်ယောက်
ဆွေ့ခနဲ ထကာ အပေါ်ထပ်သို့ ပြေးတတ်မည်အလုပ်
" မင်း ကွာရှင်းခွင့်ထပ်တောင်းနေရင်တော့ ငါကနမ်းမှာဘဲ "
Jungkook ပြောလိုက်တာကြောင့် ခြေလှမ်းလေးများ တုန့်ခနဲ ရပ်သွားကာ သူရှိရာသို့ လက်သီးလေး နှစ်ဖက်ဆုပ်ကာ နှုတ်ခမ်းကိုက်ပြီး လျှောက်လာတဲ့ Taehyung
" ဒီမှာတွေ့လား လက်ဝါး "
ဟု လက်ဝါးကို သေချာထောင်ပြသွားကာ မျက်လုံးလေးပါ ပြူးပြပြီး ခြောက်သွားလေရဲ့ ပြီးတော့မှ
မျက်စောင်းထိုးကာ လှည့်ထွက်သွားသည်
Jungkook မထိန်းနိုင်ကာ အော်ရီမိတော့
ပြန်လှည့်ကြည့်ပြီး လက်ဝါးကို ထပ်ထောင်ပြသွားသေးသည်။ ရီရဲရီကြည့်ဆိုတဲ့ သဘော
ဒီပိစိလေးကိုင်ပေါက်ရင် တစ်ကိုင်စာဘဲရှိတာကို
ခုတော့ လုပ်ထားဦးပေါ့ အသေးလေးရယ်~
ဒီကောင်ဘာဖြစ်နေတာ
လူကို လာလာနမ်းနေတယ်
နှစ်ဖက်ချွန်သွားတာလား?
အေးပေါ့လေ သူလဲကြာတော့
Kim Taehyung ကိုကြာကြာ
ဘယ်ငြင်းနိုင်မလဲ
ဒါမဟုတ် သူတမင်များ ကလဲ့စားချေနေတာလား
သူ့အသည်းကိုခွဲခဲ့လို့များ
ငါ့ကို ဒီလိုပြန်ကစားနေတာလား
ဟုတ်မှာပါ နေ့လည်ကတောင် သူ့အရင်လူနဲ့ အတူ
ထွက်သွားသေးတာဘဲ ဒီနှစ်ယောက် တစ်ခုခုများ
ကြံစည်နေကြတာလား
ငါ့ကိုကစားပြီးတော့ အသည်းခွဲဖို့ကိုလေ
ဟက် ရီရတယ်
မင်းတို့ထင်သလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
