ခရီးကနေ ပြန်ရောက်လာပြီး တော်တော်ကြာတဲ့အထိ မေမေတို့အိမ်မှာ
တစ်လှည့် jungkook တို့ အိမ်မှာတစ်လှည့်
နေဖြစ်တာများသည်။
တကယ်က နှစ်ယောက်သား မလုပ်တတ်
မကိုင်တတ်နဲ့မို့ အိမ်ထမင်း အိမ်ဟင်းကို
လွမ်းလွန်းတာကတစ်ကြောင်း
အိမ်နဲ့ဝေးနေတာ ကြာပြီမို့ သတိရသည်ဟုဆိုကာ
မေမေတို့နဲ့ ခနလောက်သွားနေမည်ဟု
အတင်း ပူဆာနေသောကြောင့် လိုက်ပို့ပေးရခြင်း
ဖြစ်သည်။ ဒီနေ့ညကတော့ jungkook တို့
အိမ်မှာဘဲ နေဖြစ်ကြသည်။
" ခရစ်စမတ်နီးတော့မှာ ဘာအစီစဉ်မှမရှိဘူးလား "
ဖေဖေ့စကားကြောင့် jungkook လဲ
" မသိသေးဘူး ဖေဖေ Tae ကိုမေးကြည့်ရဦးမယ်"
" အေးကွာ tae ကိုလဲဂရုစိုက် အရင်က အကြောင်းတွေ မေ့ပြီး ရှေ့လျှောက် ပျော်ပျော်နေကြပေါ့ "
" ဖေဖေက အရင်ကအကြောင်းတွေကို ဘယ်လိုလုပ်ပြီး သိတာလဲ "
" ဒီလိုဘဲ ဖေဖေတွေးကြည့်မိတာလေးပါ "
" ဟုတ်ကဲ့ ခု ကျွန်တော်လဲ Tae အပေါ် အရင်ကထက် ကောင်းအောင်ကြိုးစားနေပါတယ် "
" ဟုတ်ပြီကွာ အဆင်ပြေတာဘဲ မြင်ချင်တာ "
ထိုစဉ်.......
" မေမေ ဒါသက်သက်ညစ်တာ "
" အံမယ် ဒါကို ကစားလာတာကြာပြီး jinie တို့
ဘဝတစ်လျှောက် ဘယ်တုန်းကမှ ရှုံးလာတာ
မဟုတ်ဘူး "
" ဘယ်လိုပြောပြောလေ ........^|#©@<\´) "
ဧည့်ခန်းမှ အမျိုးသမီးဖြစ်သူနှင့် သမက်ဖြစ်သူတို့၏
အငြင်းပွားနေကြသော အသံကို ကြား၍ namjoon တစ်ယောက် ခေါင်းကိုသာ ခါရင်း
" သား jungkook ရေ တို့တော့ အိမ်ထောင်ကျ
ကံကောင်းလွန်းတယ် "
" ဖေဖေကတော့ လုပ်ပြီး ဟဟ "
ကျွန်တော်နဲ့ဖေဖေက မီးဖိုချောင်တွင် အိမ်က အကူအဒေါ်ကြီးနဲ့အတူ ညစာအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ပုံမှန်ဆို မေမေ က အကူအဒေါ်ကြီးနဲ့
ပြင်နေကြဆိုပေမယ့် မေမေ နဲ့ Tae က
ဘယ်ချိန်ထဲ က ညှိထားကြသည်မသိ။ card ဆော့မယ်ဆိုကာ ဧည့်ခန်းတွင် ကျောက်ချဆော့နေသည်မှာ
ညစာအချိန်ပါ လွန်တော့မှာစိုး၍ ဖေဖေကဘဲ ညစာ ထပြင်တာမို့ ကျွန်တော်လဲ မနေနိုင်တာနဲ့ လာဝိုင်း ကူနေခြင်းဖြစ်သည်။
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
