ငှက်လေးတွေ တကျီကျီအော်နေတာကြောင့်
အိပ်ယာမှနိုးခဲ့သော်လည်း taehyung
တစ်ယောက် လန်းဆန်းတာထက်ကို ပိုနေခဲ့သည်။
" ဟွန်း ၆ နာရီဘဲရှိသေးတယ် "
မထချင်သေးပါဘူး
ဒါပေမယ့် အိပ်လို့လဲမပျော်
လူက လေပေါ်မြောက်နေသလိုဘဲ
ဒါဘယ်လို ခံစားချက်ကြီးလဲ
ညထဲကလဲ တော်ရုံနဲ့အိပ်မပျော်ထားတာကြောင့်
လူက အိပ်ချင်နေပါသော်လည်း အိပ်၍မရ
ဒါဘယ်လို ဒုက္ခမျိုးလဲ
ဒါတွေအကုန်လုံး Jeon jungkook ဆိုတဲ့
လူကြီးကြောင့် !
ကျွန်တော့်ကို ချစ်တယ်တဲ့
ညကသူပြောခဲ့တယ်
လိမ်ညာခဲ့တာလား တကယ်လို့ သူလိမ်ညာခဲ့တယ် ဆိုရင်တောင် ကျွန်တော် ပျော်တယ်
သူ့ကိုချစ်တယ် ချစ်ချင်တယ် မျက်စိစုံမှတ်ပြီးကို
ချစ်ပစ်လိုက်ချင်မိတယ် ဒါပေမယ့်
ကိုယ်ပိုင်ပြီးသား အရာတစ်ခုကိုတောင်
ကိုယ်မပိုင်သေးဘူးလို့ ခုထိခံစားနေရတုန်းဘဲ
ခများရယ်......
သေချာအတည်ပြုချင်သေးတယ်
မယုံရဲသေးဘူး ခများအ့နေ့က ပြောခဲ့တဲ့စကားတွေ
ခုထိနားထဲ ရင်ထဲ ပဲ့တင်ထပ်နေတုန်းဘဲ
ချစ်ရသူက လက်ထပ်ပြီး ၆လကျော်အကြာမှ ပထမဦးဆုံးအကြိမ် သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟလို့
ပျော်မယ်ကြံနေတုန်း ထိုနေ့က စကားသံတွေက
Taehyung ရဲ့ စိတ်ထဲ ခြောက်လန့်နေဆဲ
အတွေးတို့လွန်နေခဲ့တာ ၇ခွဲ ပေးထားတဲ့ alarm သံမြည်မှဘဲ သတိပြန်ဝင်ကာ ပြင်ဆင်သင့်တာ
ပြင်ဆင်ရန် ရေချိုးခန်းဆီ ဦးတည်လာမိသည်
ရေမိုးချိုးပြီး တွေ့ရာ အကျႌ ဘောင်းဘီကိုသာ ကောက်ဝတ်၍ sun cream နှင့် ပေါင်ဒါကိုသာ မျက်နှာအနှံ့ ပွတ်သက်ကာ ဆံပင်ကို လက်ဖြင့်သာ
ခပ်ဖြေးဖြေးဖွပြီး စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲမှထွက်ခဲ့သည်
အခန်းရှေ့အထွက် လှေကားတွင် jungkook နှင့် ဆုံသည်။ taehyung ကတော့ jungkook များ သူ့ကို တစ်ခုခုပြောလိုပြောငြား ကြည့်နေ့ခဲ့သော့လည်း jungkook မှာတော့ ခါတိုင်းလို မထုံတတ်တေးဖြင့်သာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
" သိနေပြီးသားဘဲ ဒီလိုမျိုးဖြစ်မယ်ဆိုတာ "
ဒီလူ့ အကြောင်းလဲ မသိတာမဟုတ်
ညဘက်ဆို ဖြစ်ချင်သလိုဖြစ် လုပ်ချင်သလိုလုပ်
မနက်ကျ သူမဟုတ်တဲ့ ပုံစံ သူဘာမှမလုပ်တဲ့ အချိုး
ချိုးတတ်တာကို မေ့ပြီး သာယာမိတာ မှားတာဘဲ
မုန်းဖို့ကောင်းလိုက်တာ
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
