Ah!
" နာလိုက်တာ....."
နာတော့မှာပေါ့ ခေါင်းအုံးမရှိဘာမရှိနဲ့ တစ်ညလုံး ဒီတိုင်းကွေးကွေးလေးအိပ်နေတော့ အကြောတို့ ထုံကျင်ကာ နာနေပြီး
ဒါ့အပြင် တစ်ညလုံး ခြင်စာကျွေးခံထားရတာကြောင့် တစ်ကိုယ်လုံး အနီဖုလေးတွေဖြင့် ယားယံနေပြီးဖြစ်သည် ဆိုးသည်ကနှုတ်ခမ်းထောင့်နားမှာ ခြင်ကိုက်ထားတာကြောင့် သူ့နှုတ်ခမ်းရဲရဲလေးက အနည်းငယ်ဖုကာ ယောင်နေလေသည်
" ၈ခွဲတောင်ရှိနေပြီး ၉နာရီကျသွားရမှာကို "
ဒီနေ့ပထမဆုံး အလုပ်ဆင်းရမည့်နေ့ဖြစ်သည် ဖေဖေ့ဆေးရုံမှာဘဲဆိုပေမယ့် ပထမဆုံးနေ့မို့ သူနောက်မကျချင်ပါ သို့သော်လည်း ဒီတိုင်းဆို နောက်ကျဦးမှာ သေချာသည်
သူကပြီးစလွယ်မနေတတ် တစ်ပတ်တစ်ခါ skin careတွေပုံမှန်လုပ်ပေးသလို မျက်နှာကိုတော့ ညတိုင်းmask နှင့်ပေါင်းတင်လေ့ရှိသည်
ရေမွှေးဆိုရင်တောင် အနံ့ချိုချိုလေးမှ candy နံ့လေးတွေလိုမျိုးဆို အရမ်းသဘောကျတတ်ကာ စွဲစွဲမြဲမြဲသုံးလေ့ရှိသည် ( tae ကြိုက်လား မကြိုက်လားတော့မသိဘူး တကယ်က ကိုယ်ကြိုက်တဲ့အနံ့ကြီး😁 ဟီးဟီး ဒီတိုင်းထည့်သုံး-.-) ထိုင်နေလို့မထူး ရေချိုးရမည် ပြင်ဆင်ရမည် အလုပ်အချိန်မှီဖို့ ခပ်သွက်သွက်လုပ်ရမည်
" ဒါမဲ့ ရေချိုးခန်းကဘယ်နားလဲမှမသိတာ
ဟိုလူကရော ဘယ်ရောက်နေတာလဲမသိဘူး "
သူအပေါ်ထပ်သို့ ခပ်သွက်သွက် တက်လာကာ
ကြိုက်တဲ့အခန်းဝင်နေလို့ရတယ်ပြောထားတာကြောင့် ဝရန်တာဘက် လသာဆောင်နှင့်နီးသော အခန်းကိုရွေးလိုက်မိသည်
မဆိုးပါဘူး အခန်းအပြင်အစင်လေးက ရှင်းရှင်းလင်းလင်းလေး decoration ပိုင်းကိုလဲ white & grey သာသုံးထားတာကြောင့် အမြင်ရိုင်းနေခြင်းမရှိဘဲ မျက်စိထဲရှင်းလင်းနေသည်
" ဟွန်း ဘားမှလဲမရှိဘူး "
အလိုမကျစွာ ရေရွတ်လိုက်မိသည်
တကယ်လဲဘာဆိုဘာမှမရှိပါ
" ညနေဆေးခန်းကပြန်လာမှဘဲ အိမ်ခနပြန်ပြီး ပစ္စည်းတွေသွားယူရမယ် "
ရေကိုခပ်သွက်သွက်ချိုးကာ ဘီဒိုထဲရှိ တွေ့ရာအဝတ်စား ယူဝတ်ကာ ဆေးခန်းသို့ ပြေးလာခဲ့တော့သည်
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
