Part 8

8.5K 659 26
                                    

မျက်​ခွံတို့​ဖောင်းအစ်​ကာ​နေ​လေသည်
တစ်​ကိုယ်​လုံးလဲ ထု​ထောင်းခံထားရသလို နာကျင်​​နေတာ​ကြောင့်​ အိပ်​ရာမှ နိုး​နေ​သော်​လည်း Taehyung မထနိုင်​ခဲ့ပါ
နှုတ်​ခမ်း​လေးအား လက်​​ချောင်း​လေးများဖြင့်​ အသာ​လေး ပွတ်​ထိဆွဲကာ ​ဆော့ကစား​နေရင်း
အ​တွေး​တွေက မ​နေ့ညကအ​ကြောင်းရာများဆီ......

မုန်းတယ်​~

ပထမဦးဆုံး ဦးဦးဖျားဖျား အနမ်း​လေးမို့ မုန်းသည်
ကိုယ့်​ကို မချစ်​ မနှစ်​သက်​သူက အတင်းလုယူသွားခဲ့၍ ပိုမုန်းရသည်

" ဒါမဲ့ သူ့နှုတ်​ခမ်း​လေး​တွေက အိ​နေ​ရော "

Taehyung အသိစိတ်​ပြန်​ဝင်​​စေရန်​ ကိုယ့်​ပါးကိုယ်​ပြန်​ရိုက်​မိသည်
Jungkook က သူ့အ​ပေါ် အနမ်းတို့​ခြွေခဲ့​ပေ​မယ့်​ သူတုံ့ပြန်​မိသည့်​ဖြစ်​ရပ်​ကို​တွေးမိ​တိုင်းလဲ ဝမ်းနည်းသလို စိတ်​မ​ကောင်းလိုဖြစ်​​နေရသည်

ငါလွန်​သွားလား~
မှားသွားပြီးလား~
အိုရ်​..... သူက ငါ့ကိုချစ်​တာမှ မဟုတ်​ဘဲ​လေ.....
ဒါဆို ဘာလို့ လာနမ်းတာလဲ
သူ့အနမ်း​တွေက ဘာအဓိပ္ပါယ်​လဲ
ငါသိချင်​တယ်​....

စိတ်​ကသာ တင်းခံ​နေ​ပေမယ့်​ ​ခြေ​ထောက်​တို့က
သူ့အခန်းဆီ တည့်​တည့်​မတ်​မတ်​​ရောက်​သွားခဲ့သည်
အ​ကြောင်းက​တော့ ည​နေ ၄ နာရီပင်​​ကျော်​​နေပြီ
Jungkook တစ်​​ယောက်​ အခန်းထဲက မထွက်​လာ​သော​ကြောင့်​ဖြစ်​သည်

" သူဘဲနမ်း သူဘဲရှက်​ပြီး အခန်းထဲက မထွက်​တာလား ဟွန့်​ အံ့သြပါ့ "

ဒါမဲ့ အလုပ်​ကရှိ​သေးတယ်​​လေ
အလုပ်​​တော့ ထ သွားသင့်​တယ်​မဟုတ်​လား
ခုထိ အိပ်​​နေတုန်းလား
သိချင်​စိတ်​တို့ထိန်းမရခဲ့
မာန နဲ့ စပ်​စုချင်​စိတ်​တို့က လွန်​ဆွဲ​နေ​လေပြီး
လက်​က​တော့ စည်းမ​စောင့်​စွာ တံခါးကိုဖွင့်​ပြီး​နေပြီး

ရှိ​စေ​တော့ဟာ~

" jungkook "

...............

" ဟဲ့ jungkook "

...............

" ငါ​ခေါ်တာကြားလား အလုပ်​​တော့သွားသင့်​တယ်​ "

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now