Part 16 ( Unicode )

8.1K 591 8
                                        

မနက်မိုးလင်းတာနဲ့
တစ်ညလုံး စကားတွေဘောင်ဖွဲ့ပြောပြီး
မနက် ၄ နာရီလောက်မှ အိပ်ပျော်သွားတဲ့
Taehyung အား အသာယာလေး
လှုပ်နှိုးလိုက်သည်။
ဘယ်ထဲက ပြောစရာတွေစုထားမှန်းမသိပါဘူး

ပြောလိုက်တာမှ စုံနေအောင်ဘဲ
ပြီးတော့ ပေါက်ရတွေ ကလေးအတွေးတွေနဲ့
လမင်းကြီးထဲ ယုန်လေးတကယ်ရှိတယ်ဆိုတာတွေ
စုံနေအောင်ကိုပြောတာ
အတင်းအိပ်ခိုင်းသော်လည်းမရ
အာရုဏ်တက်မှသာ မောပြီး အိပ်သွားလေသည်

ခုလဲ မထသေးဘဲ အီးအဲ့ လုပ်နေပြီး
မထချင်ဘူးဘဲ ပြောကာ ရင်ခွင်ထဲမှ ရုန်းထွက်၍
တစ်ဖက်သို့လှည့်ကာ စောင်ကိုလဲ ခေါင်းထိခြုံပြီး
ပေတေကာ နေနေသည်။

" tae.... tae ထတော့လေ......နော်
  ကိုယ်လဲ ခရီးသွားရဦးမယ်လေ နော် "

" ဟင့်အင်း ထဘူးလို့ "

" လုပ်ပါ ပြီးရင်လဲ tae တို့မိဘဆီကို နှုတ်ဆက်ဖို့ သွားရင်း tae ကိုပါ တစ်ခါထဲ လိုက်ပို့မလို့ "

" မလိုက်တော့ဘူး ကိုယ့်ဘာသာဘဲ သွားလိုက်တော့မယ် "

"အာ... မရပါဘူး စိတ်မချဘူး ထ.... ခုထ... ကိုယ်တိုင် လိုက်ပို့ပေးမယ် "

" jungkook ကလေ ဘာမှန်းလဲမသိဘူး "

" မွ .... ခုထတော့နော် လိမ္မာတယ် "

ပါးလေးကို ဖွဖွနမ်းတော့မှဘဲ သူ့လက်နှစ်ဖက်ကို အားပြု၍ မထချင် ထချင် ဖြင့် ထလာသည်။
Taehyung ၏ ပုခုံးကို နောက်မှတွန်းကာ
ရေချိုးခန်းထဲသို့ ခေါ်သွားတော့
ခနနေဦး Tae ရှူးပေါက်ပြီးမှ ဝင်လာဆိုလို့
တံခါးရှေ့မှာတောင် ရပ်စောင့်နေလိုက်ရသေး
သူ့ကိစ္စတွေပြီးမှ လူကို အထဲပေးဝင်ပြီး
မျက်နှာတူတူသစ်ရသည်။

သွားတိုက်နေရင်း မျက်လုံးလေးမှိတ်ကာ
ကျွန်တော့်ပုခုံးတွင် မှီထားတာကြောင့်
ခါးအားဖက်ကာထိန်းထားပေးလိုက်သည်။
မျက်နှာသစ်ပြီးတော့လဲ ကျွန်တော် အကျႌလဲနေတုန်း
လှည့်ကြည့်တော့ ကုတင်ပေါ်တက်ပြီး ခွေခွေလေး
သွားပြန်အိပ်နေလေရဲ့

အသည်းယားလာတာကြောင့် ဖင်ကိုခပ်ဆက်ဆက်
နာနာလေး ရိုက်လိုက်တော့မှ ငေါက်ခနဲ ထထိုင်ကာ
ပါးစပ်ကလဲ မအိပ်ဘူး မအိပ်ဘူးပြောပြီး
မျက်လုံးတို့က ပွင့်မလာ
ပါးနှစ်ဖက်အား ဖွဖွလေးဆွဲရင်း

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontМесто, где живут истории. Откройте их для себя