Part 25

6.7K 483 23
                                        

" ဘာကိစ္စ ​ကျွန်​​တော့်​ကို ​တွေ့ချင်​ရတာလဲ "

" အရင်​ကအမှား​တွေတွက်​ ပြန်​​တောင်းပန်​ချင်​လို့ပါ
အန်​တီမှားခဲ့ပါတယ်​ "

" ​နောက်​မကျလွန်းဘူးလား အန်​တီရယ်​ "

Yoongi ရဲ့ ခနဲ့တဲ့တဲ့ အ​မေး​ကြောင့်
Jimin ရဲ့မိခင်​မှာ မျက်​စိပျက်​ မျက်​နှာပျက်​ဖြင့်

" အချိန်​က yoongi အ​ပေါ်မှာဘဲ မူတည်​​တာပါ
မခွင့်​လွှတ်​နိုင်​ဘူးဆိုရင်​​တောင်​ chim ရဲ့
မျက်​နှာ​လေးကို​တော့ ​ထောက်​ထားပြီး..... "

" ​တော်​ပါ​တော့ အန်​တီရယ်​ ...အရင်​ကလဲ
သူ့​ကြောင့်​ဘဲ ကျွန်​​တော့်​ကို.... "

ပြော​နေရင်း အသံတို့တိမ်​ဝင်​သွားခဲ့တာ​ကြောင့်
အသက်​ကို ခပ်​ဝဝရှူရင်း

" အန်​တီနဲ့ ကျွန်​​တော်​ ဒီ​နေ့မ​တွေ့ခဲ့ဘူးလို့ဘဲ
သ​ဘောထားလိုက်​ပါ ခွင့်​ပြုပါဦး "

ပြောပြီးချင်း jimin အ​မေရဲ့ စာကြည့်​ခန်းမှထွက်​ရန်​ တံခါးကို ဆွဲဖွင့်​လိုက်​​တော့
အဖြူအဝါဆက်​ထားတဲ့ ​ကြောင်​​လေးအား ချီထားကာ
ကျွန်​​တော့်​ကို နားမလည်​နိုင်​​သော ​မေးခွန်း​ပေါင်း
များစွားနဲ့ပြည့်​နှက်​​နေတဲ့ jimin ၏ မျက်​ဝန်းတို့နှင့်
ဆုံသည်​။

" Hyung.... "

သူ​ခေါ်တာကိုလဲ ဂရုမစိုက်​ တစ်​ချက်​မှ လှည့်​မကြည့်
ဘဲ ထွက်​သွား​သော hyung ​နောက်​မှ ​ပြေးလိုက်
ခဲ့​ပေမယ့်​ အချည်းနှီးသာ.......
ကားကို တရကြမ်း​မောင်းကာ ထွက်​သွားသည့်
Hyung အား ခြံ​ရှေ့မှ ​တွေ​တွေကြီး ကြည့်​​နေမိသည်​။

" ဘာ​တွေဖြစ်​ကုန်​တာလဲ ​မေ​မေက​ရော .... "

" Hyung ကိုဘာ​တွေ..... "

အိမ်​ထဲသို့သာ အမြန်​​ပြေးဝင်​၍ ​မေ​မေ့စာကြည့်​ခန်းထဲသို့ ဝင်​သွား​တော့ စားပွဲခုံ​ပေါ်တွင်​ ​မှောက်​လျက်​သားငို​နေ​သော ​မေ​မေ.....

" ​မေ​မေ..... "

" သား jimin.... "

" ဘာလို့ ငို​နေရတာလဲ ​မေ​မေရယ်​.... "

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now