အုတ်ကျိုးရောင်နှင့် အနီရောင်ကို ရောယှက်ကာ
ဒီဇိုင်းဖော်ထားတဲ့ sweater လေးကို
အထဲက ရှပ်လက်ရှည် အဖြူ ကော်လံထောင်လေးကို
လိုက်ဖက်စွာဝင်ဆင်ထားပြီး အသားရောင်
စတိုင်လ်ဘောင်းဘီလေးဖြင့် လူအများကြား
အထင်းသား ပေါ်လွင်နေသည်။
အကျႌလက်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး
လက်ဖျံရိုး မှ အကြောစိမ်းစိမ်းလေးတို့က
အလွန်ပင်ကြည့်ကောင်းနေသည်။
လက်ချောင်း ဖြူဖြူသွယ်သွယ်လေးတွေက
စကားအပြော အသွားအလာပေါ်မူတည်ပြီး
လှုပ်ရှားနေကြသည်။
နက်မှောင်ပြီး အုံထူလှသော mullet hair လေး
ဖြောင့်တန်းတဲ့ နှာတံမြင့်မြင့်လေးနှင့်
ထိပ်နားက မှဲ့နက်ကလေး...
မျက်ဝန်းအိမ်ကျယ်ပြီး တစ်ဖက်ထဲပါတဲ့ မျက်ရစ်လေး
ပြီးတော့ စာကြည့်မျက်မှန်လေး တစ်လတ်။
မထူမပါးနှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားတတ်ပြီး တစ်ခါတစ်ရံ လျှာဖျားလေးနှင့် တစ်ချက်ချက်
သပ်နေတာမို့ မြင်ရသူအဖို့ မင်သက်နေခဲ့ပြီး
ရင်အစုံမှာ တဒုတ်ဒုတ်နဲ့ ဝုန်းဒိုင်းကြဲလျက်။
အဖြူရောင် duty coat လေးပါ ထပ်ပေါင်းတော့
Soooo perfect ပေါ့.......
" ဟိတ်ကလေးတွေ မင်းတို့ရဲ့ စီနီယာကို ဒီတိုင်း
ဆက်ကြည့်နေမယ်ဆို ကိုယ် မင်းတို့ကို ဌာန
ပြောင်းခိုင်းရလိမ့်မယ်....... "
" koo koo .... "
" ဘာ koo koo လဲ ကိုကိုလို့ခေါ်ဖို့ပြောထားတယ် လေ ...... "
အမဲရောင် လည်ပင်းအပိတ် sweater ကို
Style pant အမဲနှင့် ရိုးရှင်းစွာ တွဲဖက်ဝတ်ဆင်
ထားပြီး ဆံပင်တို့ကို ဘေးခွဲကာ hair spray
အကူညီနဲ့ လှန်တင်ထားပြီး တောက်ပလွန်းတဲ့
သူ့မျက်လုံးတွေက junior လေးထံမှ
တစ်ချက်မလွှဲ။
" ဘာပြူးကြည့်နေကြတာလဲ "
ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့တောင် ခန့်ညားလွန်းနေတဲ့
သူ့အား တစ်ဖန်ပြူးကြည့်နေကြတာမို့
အသံခပ်မာမာနဲ့ တစ်ချက်ဟောက်လိုက်သည်။
" jungkook ကလဲ "
" ဘာ jungkook လဲ နေ့လည်စာ
စားဖို့ လာရှာတာ မပြီးသေးဘူးလား "
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
