Part 24
7.5K 493 26
မနက်ဖန်ဆို​​Tae ​မွေး​နေ့​ရောက်​​တော့မှာ~
လက်​​ဆောင်​​တွေ ဘာ​တွေ​ပေးတတ်​တဲ့အကျင့်​မျိုး
မရှိတာ​ကြောင့်​ ဘာ​ပေးလို့ ​ပေးရမှန်းမသိ
အကြံအိုက်​​နေမိသည်​။
" ဆရာမ Tae ဘာကြိုက်​တတ်​မယ်​လို့ထင်​လဲ "
" ဟင်​.....ဆရာက သူ့အမျိုးသား​လေ ဆရာက
  ပိုသိမှာ​ပေါ့ "
Nurse ​မ​လေး​ပြော​တော့လဲ ဟုတ်​သား
သို့​သော်​ Tae ကိုကြည့်​ရတာ အဘက်​ဘက်​က
ဖြည့်​ဆည်းစရာ ဘာမှထက်​မလို​တော့​အောင်
ပြည့်​စုံ​နေပြီးသားဆို​တော့ သူဘာ​ပေး​ပေး
အရာထင်​မှာမဟုတ်​။
" သိ​ပေမယ့်​ သူက အကုန်​ပြည့်​စုံ​နေ​တော့
  ဘာ​ပေးရမှန်းမသိတာ အ့လိုမျိုး "
" သူက ​ကျောင်းတက်​တုန်းက​တော့ ဒီကို
  ခန ခန လာ​ပေမယ့်​ သိပ်​မရင်းနှီးဘူး​လေ
  သူ့အ​ကြောင်းလဲ သိတဲ့အတိုင်းဘဲ..... "
" တကယ်​လို့ ဆရာမသာဆို ဘာပစ္စည်းမျိုး​ပေးမှာ
  လဲ ဒီတိုင်း​တွေးကြည့်​​ပေးပါလား ဘယ်လိုမှ
စဉ်းစားမရ​တော့လို့ ကူညီပါဦး ဆရာမရယ်​... "
ထို့​နောက်​ nurse မ​လေးလဲ 
သေ​သေချာချာ​တွေးပြီး​နောက်
" ကျွန်​မက​တော့ ​တွေးမတတ်​ဘူး ဆရာ
  ဒါ​ပေမယ့်​ ဆရာနဲ့သူ အိမ်​​ထောင်​ကျပြီး​တော့မှ
  သူအရမ်း သိသိသာသာ​ ​ပြောင်းလဲသွားခဲ့တာ
  လူတိုင်းနဲ့​ဖော်​​ဖော်​​ရွေ​ရွေ​နေတတ်​လာတယ်
  အရင်​လို မျက်​နှာတည်​နဲ့လဲ မဟုတ်​​တော့ဘူး
  သူမပြုံးနိုင်​တာမဟုတ်​ဘူး မပြုံးတတ်​ခဲ့တာ
  ခုဆို သူ့ကိုကြည့်​ရတာ အရင်​ကထက်​ ပိုပြီး
  ဟန်​​ဆောင်​မျက်​နှာဖုံး​တွေလဲမရှိ​တော့ဘူး
  ကျွန်​​မ​စိတ်​ထင်​​တော့ ဆရာတစ်​​ယောက်​ထဲကသာ
  သူ့အတွက်​ အ​ကောင်းဆုံးလက်​​ဆောင်​ဘဲလို့
  ထင်​တယ်​ ဆရာ...... "
" စကား​တွေသိပ်​တတ်​​နေပါလား "
" စကားတတ်​တယ်​ဆိုတာထက်​ အချိန်​ရရင်
  စာတို​လေး​တွေလဲ ​ရေးဖြစ်​လို့ပါ ဆရာရယ်​...."
THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now