Part 23 ( Unicode )

7.7K 502 23
                                        

" jungkook...."

" jungkook ......လို့ "

" အာ... ထတော့လေ စိတ်တကယ်ဆိုးတော့မှာ "

ဒီနေ့က အားလပ်ရက်မို့ နေ့လည်လောက်ထဲက
အိပ်နေသော jungkook မှာ ညနေ ၅ ခွဲသည်ထိ
မနိုးသေးတာကြောင့် မရမက နှိုးနေမိသည်။
Date လုပ်ဆိုပြီး ကတိပေးထားတာကြောင့်
ဒီနှစ် ခရစ်စမတ်ကို မေမေတို့ jimin တို့ိနဲ့တောင်
မနေဘဲ သူနဲ့သွားမလို့ကို ခုထိ ကုလားသေ
ကုလားမော အိပ်နေတုန်း။

" JUNGKOOK!!!!! "

ပါးစပ်ကလဲ အသံကုန်အော်ရင်း လက်ကလဲ
သူ့ဝမ်းဗိုက်ကို ဖောင်း ခနဲ မြည်အောင်ရိုက်ရင်း
နှိုးမှ ထလာတော့သည်။

" Tae ရယ် ဖြည်းဖြည်လုပ်ပါ...."

" ကောင်းကောင်းခေါ်တော့ရလား ခု....ထ
  Tae တောင် ပြင်ဆင်ထားပြီးပြီး "

ကျွန်တော့်ကလေးပြောမှဘဲ သတိထားမိတယ်။
ခါတိုင်းနေ့တွေမတူ သပ်သပ်ရပ်ရပ်လေး
ဝတ်ဆင်ထားတာ။ ဒီနေ့မှ ဖလန်းဖလန်းထပြီး
ပေါက်ကရတွေ ဝတ်မှာစိုးရိမ်နေခဲ့တာ။
ခုတော့ ပန်းရောင်စုံအနည်းငယ်တို့ဖြင့် ဒီဇိုင်းဖော်ထားတဲ့ အကျႌအဖြူ လက်ရှည်လေးကို
သပ်သပ်ရပ်ရပ်လေး ဝတ်ထားတာ
အကျႌကိုဘောင်းဘီထဲထည့်ဝတ်ထားတာကြောင့်
တင်းတင်းရင်းရင်း တင်သားမှာ အတိုင်းသား
ဖြစ်နေတာကြောင့် လက်ကိုဆွဲကာ ပေါင်ပေါ်တွေ
ထိုင်စေရင်း Tae ရင်ထဲ ကိုယ်လေးကျုံ့ကာ
ခိုဝင်လိုက်သည်။

" ဒီနေ့ long coat ဘဲ ဝတ်ရမယ်နော် "

" arrr jungkook ကလဲ မဝတ်ချင်ပါဘူး
  ပြီးတော့ အပြင်ခံ သက်သက်ရွေးထားတာရှိတယ် "

" မရဘူး long coat ဘဲဝတ် "

" ဘာလို့လဲ "

" သူများတွေကြည့်မယ် "

တင်ကို ဆွဲဆိတ်ကာပြောတော့ လူကိုပုတ်ထုတ်ရင်း

" တအား ကိတ်ထွက်နေလို့လား "

" အ့လောက်ကြီးလဲမဟုတ်ပါဘူး ဒီနေ့မှ
  တင်က ထင်းနေသလားလို့ ဘောင်းဘီကြောင့်လား
  ဘယ်လိုဖြစ်ဖြစ် သူများကြည့်မယ်
  Tae ကိုဆို လူတွေက ခေါင်းရခေါင်းငမ်း
  တင်ရတင်ငမ်းမဲ့လူတွေချည်းဘဲ "

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now