Part 6 ( Unicode )

8.4K 727 11
                                        

အမြဲတမ်းလိုလို အိမ်မှာတစ်ယောက်ထဲ ကျွန်တော်က Day duty သူက night duty ဆိုတော့ သူနဲ့ကျွန်တော်တွေ့ရချိန်က အိမ်ပြန်ချိန် ကား parking ၌ သာဖြစ်သည် ဒါကလဲ တိုက်ဆိုင်မှုတစ်ခုဖြစ်အောင် ကျွန်တော့်ဘက်က လုပ်ယူနေလို့သာ
အရင်ကလဲ လျစ်လျူရှုခဲ့တဲ့ ကောင်လေး ဖြစ်ခဲ့သလို
ယခုလဲ ထိုနည်းလည်းကောင်းပါဘဲ

ကျွန်တော်လဲ သိပ်အရေးမစိုက်နေခဲ့ပါ
ညဘက်တွေဆို jimin တို့နဲ့ night out ထွက်တယ် shopping ထွက်တယ် spa သွားတယ်
ပြောရရင် ကျွန်တော့်အိမ်ထောင်သည်ဘဝက လူပျိုဘဝထက်ကို ပိုမိုလွတ်လပ်မှုရှိနေသည်။
လူပျိုဘဝတုန်းကဆို အမြဲလိုလိုစာနဲ့ လုံးပန်းနေရတာကိုး

သူတို့ကလဲ အိမ်မှာကျွန်တော်တစ်ယောက်ထဲရှိနေတာ ဖြစ်တာကြောင့် မနားရဘဲ တူတူလိုက်ခဲ့ပေးရှာသည် လိုက်ပို့ပေးကြရှာသည်

ထိုကဲ့သို့အချိန်မျိုးတွင် ကျွန်တော့်အရင် လူပျိုဘဝကို
ပြန်လိုချင်မိတာအမှန်။
အမှောင်တွေကိုကြောက်တတ်တဲ့ ကျွန်တော်
ခုတော့ကျင့်သားရနေခဲ့ပြီး
ကိုယ်တိုင်ကလဲ အိမ်မှာဆို အမှောင်ထုကိုဘဲ ခုံမင်နေတတ်သည်။
ကိုယ့်ကိုကိုယ် အမှောင်တိုက်သွင်းထားရသည်ကို ပျော်မွှေ့နေတတ်သည်
အထီးကျန်ခြင်းကိုလဲ ရင်ဆိုင်တတ်နေခဲ့ပြီး
အရင်က မာနကြောင့် အပြုံးအရယ် သိပ်မရှိအောင်
အတင်းကြိုးစားလုပ်ယူနေရသော်လည်း
ယခုတော့ တော်တော်ကိုပင် အပြုံးရယ် နည်းလာခဲ့သည်

သူတို့က ကျွန်တော့်ကိုပြောကြတယ်
အိမ်ထောင်ကျပြီးမှ အရမ်းရင့်ကျက်လာခဲ့တယ်တဲ့
အပျော်ပါးလဲတော်တော်မက်လာတယ်လဲပြောကြသေးတယ် အလှပစိတ်ဝင်စားတာတော့ အရင်ကတည်းက ဆိုပေမယ့် ကျွန်တော် night out ထွက်တာရှားလွန်းသည်
တစ်ခါတစ်လေ အရင်တိုင်းဘဲလို့လဲ ပြောကြသလို
တစ်ခါတစ်လေ ပြောင်းလဲသွားတယ်လို့လဲ ပြောကြပြန်တယ် ကျွန်တော်ကိုယ်တိုင်လဲ ကျွန်တော့်ကို ကျွန်တော် တကယ် နားမလည်နိုင်ခဲ့ပါ။

ဘယ်လိုဖြစ်ဖြစ် jungkook.....
ဒါတွေမင်းကြောင့်ဖြစ်တာ မင်းကိုကျေးဇူးတင်ရမယ်!

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ noona နဲ့သွားတွေ့မယ်လို့ ကျွန်တော်ဆုံးဖြတ်ထားတယ် သူကြိုက်တာလေးတွေ သူမအမေတွက်ပါ စုံစုံလင်လင် ဝယ်စုထားပြီးနေပြီး
ဒီနေ့ညက လူနာလဲပါးတာမို့ ကျွန်တော် လူနာတစ်ချက်လိုက်စစ်ပြီးတာနဲ့ အိမ်တန်းမပြန်ဘဲ ထွက်ခဲ့ခြင်းဖြစ်သည်
တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကျွန်တော်သူမအနား ချဉ်းကပ်နေမှာ
သူမ ကျွန်တော့်ဆီပြန်လာအောင် ကျွန်တော် အချိန်တိုင်း ကြိုးစားနေမှာ
ကျွန်တော်မှ မခွဲနိုင်ဘဲ........

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now