Part 19

7.8K 543 39
                                        

မနက်​ဘက်​​တွေဆို အ​စောကြီးထပြီး
ရွာထဲ jungkook တို့ အုပ်​စုတို့နဲ့အတူ
ပရဟိတ​တွေဝိုင်းလုပ်​​ပေးတယ်
အားလုံးကလဲ ​ချောလှလွန်းတဲ့ သူ့ကို က​လေး​လေးနဲ့
တူတယ်​ဆိုပြီး အားလုံးက ဝိုင်းချစ်​ကြသည်​။
Taehyung လာတာမှ တစ်​ရက်​ဘဲရှိ​သေးသည်​။
ရွာကလူ​တွေကလဲ Tae ...Tae က​လေး ဆိုပြီး
ပါးစပ်​ဖျားကကိုမချ​တော့တာ

ကျွန်​​တော့်​က​လေးက အ့လိုမျိုး လူချစ်​လူခင်​​ပေါတာ
ဒီလို​နေရာမျိုးမှာ သူ့တွက်​​နေရထိုင်​ရ အဆင်​မ​ပြေဘူး
ညဘက်​​တွေဆိုလဲ ရွက်​ဖျင်​တဲနဲ့ ဖြစ်​သလိုအိပ်​ရတာမို့
ကျောနာတယ်​လို့ တချိန်​လုံး ညီးညူ​နေတတ်​သည်​။
အစား​သောက်​ကလဲ ​ဂျီးများ​သေး
သူ့ကိုသူ သိလို့​နေပါလိမ့်​မယ်​။
အသင့်​စား ​ခေါက်​ဆွဲဘူး​တွေကို လက်​ဆွဲအိတ်
အပြည့််​ သယ်​လာတာ ရိက္ခာက​တော့ အစုံပါဘဲ

ဒီညပြီးရင်​ မနက်​ဖန်​တစ်​ရက်​က ​နောက်​ဆုံးဆို​တော့
၇ရက်​ဆိုတဲ့အချိန်​လည်း ပြည့်​ပြီမို့
ပြန်​ရ​တော့မှာ။ အားတင်းထားပါဦး က​လေး​ရေ....

ခုလဲ အားလုံး​ပျော်​​ပျော်​ပါးပါး မီးပုံကြီးကို ပတ်​ပြီး
အသီးသီး စု​ဝေးပြီး ထိုင်​​နေကြကာ
ပျော်​​ပါး​နေကြသည်​။

" Taehyung ​လေးက မထင်​ရဘူး "

" ဟင်​....ဘာလို့လဲ "

အဖွဲ့ထဲမှာ jungkook ​ပြောပုံအရဆိုရင်
သူနဲ့ အရင်​နှီးဆုံးက yeonjuu တဲ့
ခု ထိုလူက သူ့အား စကား စ​ပြောလာ​တော့
နားမလည်​စွာ ​မေးလိုက်​မိခြင်းဖြစ်​သည်​။

" ဟုတ်​တယ်​​လေ Taehyung က ​ကျောင်းးမှာဆို နာမည်​ကြီးဘဲ​လေ ပြီး​တော့ မာနလဲ ကြီးတယ်​တဲ့
ပြောကြတာ​ပေါ့ ခုလိုကျ​တော့လဲ လုံးဝ မထင်​ထားတဲ့ ပုံစံမျိုးနဲ့​တွေ့ရ​တော့ အံ့သြသွားလို့ပါ "

" ​အေး ငါလဲ အ့လိုဘဲထင်​ခဲ့တာ စ ​တွေ့တုန်းက
တော်​​တော်​ ​ခေါင်း​ကြောမာ တဇွတ်​ထိုးနဲ့​လေ
နောက်​​တော့လဲ က​လေးဆန်​လိုက်​တာမှ "

Jungkook က စကားဝင်​​ထောက်​ကာ​ပြော​တော့
ဗိုက်​​ကြောအား ခပ်​နာနာဆွဲလိုက်​မိသည်​။

THE DEEPEST ( COMPLETED ) Unicode + Zawgyi FontWhere stories live. Discover now